Episode (44)

1.1K 103 19
                                    

Unicode

သနပ်ခါးကိုဖွေးနေအောင်လူးထားသည့် မေ၏မျက်နှာမှာ ကြည်လင်ရွှင်ပျနေလေသည် ။ ရက်အတော်ကြာပျောက်ဆုံးနေသည့် အပြုံးမျက်နှာကို မေ့ထံတွင်တွေ့ရသဖြင့် သန့်လည်း အလိုလိုစိတ်ပျော်နေမိ၏ ။

" တစ်ယောက်တည်းဖြစ်ရဲ့လား ကောင်း "

ဆွဲခြင်းထဲမှပစ္စည်းများကို တစ်ခုချင်းစီထုတ်နေသည့် ကောင်းက မွန့်ကိုလှမ်းကြည့်ပြီးမှ ခေါင်းကိုသွက်သွက်ညိတ်၏ ။

" ဖြစ်ပါတယ် တီတီ ၊ ခက်ခက်ခဲခဲချက်ရမှာလဲမဟုတ်ဘူးဆိုတော့ ကျွန်တော်တစ်ယောက်တည်းဖြစ်ပါတယ် ၊ တီတီကတော့ ဒီနေ့တစ်နေ့လုံးနားလိုက်တော့နော် ၊ အိမ်အလုပ်တွေအကုန်လုံး  ကျွန်တော် လုပ်ပေးမယ် "

" ဟုတ်တယ်...မေ ၊ ကောင်းပြောသလိုပဲ မေကဒီနေ့နားလိုက်လေ ၊ သန့် ကောင်းကိုကူပေးလိုက်မယ် "

သန့်၏စကားကြောင့် မွန် ရယ်ရမလို ၊ ငိုရမလို ။ ကောင်း သူ့ဘာသာသူ တစ်ယောက်တည်းလုပ်လျှင်အဆင်ပြေမည်ဖြစ်သော်လည်း သန့်ကကူမည်ဆိုပြီးသွားရှုပ်လျှင် အလုပ်တွင်မည်မဟုတ်ပေ ။ ထို့အတွက်ကြောင့် လက်ညှိုးထောင်ပြီး ယမ်းပြလိုက်တော့ သန့်က ကောင်းကို အားကိုးသည့်မျက်လုံးများဖြင့်စောင်းကြည့်လိုက်သည် ။

" ကျွန်တော် သန့်ကိုပဲကူခိုင်းလိုက်မယ်လေ ၊ တီတီကရေချ်ိုးသနပ်ခါးလူးပြီးသားဆိုတော့ မီးဖိုထဲမဝင်နဲ့တော့ "

သန့်အလိုကျလိုက်ပြောပေးနေသည့် ကောင်း၏မျက်နှာကို မွန် ခေတ္တကြည့်ပြီးမှ ခေါင်းကိုညိတ်၍ " သဘော...သဘော "ဟု ပြောလိုက်ရသည် ။ ထိုအခါမှ သန့်၏မျက်နှာမှာ အပြုံးပန်းများဝေသွားပြီး သွားများပေါ်သွားအောင် နှစ်ခြိုက်စွာရယ်မောလေ၏ ။

အချိန်ခဏအကြာ

" ဒီနားကိုမလာခဲ့နဲ့အုံး သန့် ၊ အညှီရေတွေ မင်းကိုပေလိမ့်မယ် "

" မပေပါဘူး "

" ကဲ...ပြောစကားကိုနားမထောင်ဘူးနော် "

" ပြောစကားနားမထောင်တာ မဟုတ်ရပါဘူး  ကောင်းရာ ၊ ငါ မင်းနားမှာနေချင်လို့ပါကွာ "

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now