Episode (15)

1.8K 177 86
                                    

Unicode

အိပ်ရာမှနိုးသည်နှင့် ပထမဆုံးလုပ်မိသောအရာမှာ ပြတင်းပေါက်တွင်တပ်ဆင်ထားသည့် ခန်းဆီးကိုဖွင့်၍ ကောင်း၏အခန်းကိုကြည့်ခြင်းပင် ။ ဆောင်းရာသီဆိုတော့ နံနက်ခြောက်နာရီခန့်ရှိနေပြီဖြစ်သော်လည်း အပြင်ဘက်တွင် အလင်းရောင်မှိန်ဖျော့ဖျော့သာရှိသေး၏ ။ ကောင်း၏ ပြတင်းပေါက်တံခါးလေးမှာ ပိတ်လျက်သာရှိနေဆဲ ။ ပြတင်းပေါက်တံခါးကိုပိတ်ထားဆဲဖြစ်သော်လည်း ကောင်းကတော့ သည်အချိန်ဆို နိုးနေပြီး အိမ်အလုပ်တစ်ခုခုကို ကူညီနေလိမ့်မည် ။

ကောင်းက သိပ်လိမ္မာသည့် ကောင်လေးဖြစ်၏ ။ မိဘအပေါ်တွင်လည်း သိတတ်ကာ တတ်နိုင်သမျှ ကူညီပေးတတ်သည် ။ မေက ကောင်းကို သိပ်ချစ်သလို ဖေ့နှုတ်မှလည်း ကောင်း၏ လိမ္မာသိတတ်မှုများအကြောင်းကို အမြဲလိုလိုကြားရတတ်သည် ။

ကောင်း၏စေ့ပိတ်ထားသည့် ပြတင်းပေါက်လေးကိုကြည့်နေရင်း အလိုလိုပြုံးရယ်မိ၏ ။ ပြီးမှ မျက်နှာမသစ်ရသေးသည်ကို သတိရပြီး ရေချိုးခန်းထဲကို အမြန်အဆန်ပြေးမိသည် ။ အပေါ်ထပ်နှင့် အောက်ထပ် နှစ်ခုလုံးတွင် ရေချိုးခန်း ၊ အိမ်သာပါရှိသဖြင့် သန့်ကတော့ အတော်လေးဝမ်းသာရ၏ ။ မဟုတ်လျှင် အပေါ်တက်လိုက် ၊ အောက်ဆင်းလိုက်ဖြင့် သန့် လျှာထွက်ပေလိမ့်မည် ။

မျက်နှာကိုမြန်မြန်သစ်ကာ တဘက်ဖြင့် မျက်နှာပေါ်ရှိရေများကို ကပျာကယာသုတ်ပြီးသည်နှင့် သန့်၏ခြေထောက်များမှာ အိမ်အောက်ထပ်သို့ ဦးတည်လျက် ။ သန့်က လမ်းလျှောက်လျှင် ဖြည်းဖြည်းမလျှောက်တတ်ပေ ။ မေ မည်ကဲ့သို့ပြောပြော ၊ ပြောသည့်ခဏသာ ခေါင်းညိတ်မိပြီး အချိန်တန်လျှင်တော့ တဒုန်းဒုန်းအသံမြည်အောင်
လျှောက်မြဲ ၊ လျှောက်ဆဲ ။

လူမမြင်ခင်ကပင် တဒုန်းဒုန်းအသံကျယ်ကျယ်က နားထဲကို ကန့်လန့်ဖြတ်ဝင်လာသောအခါ ဟင်းခနဲသက်ပြင်းချရင်း လှေကားကိုမော့ကြည့်မိ၏ ။ ရှိသမျှသွားအကုန်ပေါ်အောင် ရယ်ပြနေသည့် သန့်ကြောင့် မျက်စောင်းတစ်ချက်ထိုးရင်း လက်ထဲရှိဆွဲခြင်းကို ကြမ်းပြင်ပေါ်ချလိုက်ရသည် ။ သန့်က လှေကားထစ်နှစ်ထစ်ကို ခုန်ကျော်ပြီး ဆင်းလိုက်ကာ မေ ရပ်နေသည့် နေရာဆီကို အပြေးအလွှားလျှောက်သွားရင်း မေ့ချိုင်းကြားတွင်ညှပ်ထားသည့် ပိုက်ဆံအိတ်နှင့် ကြမ်းပြင်ပေါ်ရှိဆွဲခြင်းကို အပြန်ပြန်အလှန်လှန်ကြည့်မိ၏ ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now