မေတ္တာစာလွှာ

1.3K 70 17
                                    

Unicode

" သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် " ကို အပြီးသတ်ရေးပြီးချိန်မှာ ကိုယ့်စိတ်တွေက ပြောမပြတတ်အောင် ပေါ့ပါးသွားလိုက်တာ ။ လုပ်နိုင်ခဲ့ပြီလို့ ပါးစပ်ကနေထုတ်ပြောမိတဲ့ထိကို ပျော်နေရတယ်ရှင် ။ မလုပ်နိုင်လောက်ဘူးလို့ ထင်မှတ်ထားတဲ့အရာတစ်ခုကို လက်တွေ့လုပ်ဆောင်နိုင်လိုက်ချိန်မှာ ရရှိလိုက်တဲ့ပီတိက သိပ်ပြီးကြည်နူးစရာကောင်းတာပါပဲ ။

မှတ်မှတ်ရရပြောရမယ်ဆိုရင် ရေးလက်စအချိန်မှာပဲ ထင်မှတ်မထားတဲ့အလုပ်တွေပေါ်လာသလို ကိုယ်ရေးကိုယ်တာအခက်အခဲတချို့ကလဲ အချိန်ကိုက်ပေါ်လာခဲ့တယ် ။ Unလိုက်ရင်ကောင်းမလားလို့ စဉ်းစားမိပေမဲ့ တကယ်တမ်းလက်တွေ့ကျတော့ မလုပ်ရက်ခဲ့ပါဘူး ။ အဓိက ongoing လိုက်ဖတ်နေတဲ့ စာဖတ်သူတွေကို အားနာမိတာကြောင့်ပါ ။ ဘယ်လိုလုပ်ရင်ကောင်းမလဲ ၊ ဘယ်လိုလုပ်လိုက်ရင် အဆင်ပြေမလဲဆိုတဲ့အတွေးတွေက ကိုယ့်ဆီကို ခဏခဏရောက်လာခဲ့သလို အဲဒီအချိန်ဆိုရင် လူက အသက်ရှူမဝတော့သလိုမျိုး ခံစားရကော ။

နောက်ထပ် ကိုယ့်စိတ်ကို ဝမ်းနည်းစေတာကတော့ ဖတ်တဲ့သူတွေရဲ့ မပျော်ရွှင်မှုကိုမြင်ရလို့ပါ ။ စာစရေးကတည်းက စာဖတ်တဲ့လူတွေကို ပျော်ရွှင်အောင်လုပ်ပေးမယ်ဆိုတဲ့ စိတ်လေးနဲ့ပဲရေးခဲ့တဲ့အတွက် အခုလိုမျိုးမပျော်ရွှင်ရအောင် လုပ်မိတာကြောင့်  ကိုယ် တကယ်ပဲအားနာရပါတယ် ။ အဲဒီအတွက် ဇာတ်ကြောင်းကိုပြောင်းပေးဖို့ထိ စဉ်းစားခဲ့ပေမဲ့ ဘယ်လိုမှကိုပြောင်းလို့မရခဲ့ဘူးရှင် ။ ကိုယ်ရေးတဲ့စာကို သစ္စာမဖောက်ချင်ဘူးလို့များပြောရင် ပိုတယ်လို့ ထင်မှတ်နေမလား ။

နောက်ပြီး ထက်ဘုန်းနိုင်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကိုယ် ဖတ်ဖူးတဲ့စာကြောင်းလေးကို ပြန်ပြီးပြောပြရလိမ့်မယ် ။ မေတ္တာတွေနဲ့ကြီးပြင်းလာရင် သူများကိုလဲ မေတ္တာပေးနိုင်ပေမဲ့ မေတ္တာမရတဲ့လူတွေကတော့ တခြားသူတွေကို ဘယ်လိုမျိုးမေတ္တာထားရမှန်း မသိကြဘူးတဲ့ ။ ဘယ်အရာမဆို ဒီအတိုင်းသက်သက်ဖြစ်နေတာမဟုတ်လို့ ထက်ဘုန်းနိုင်ရဲ့ဆိုးသွမ်းမှုကလဲ အကြျိုးအကွောငျးနဲ့ ဖြစ်ပေါ်လာတာပါ ။ မိဘမေတ္တာမရခဲ့တဲ့အပြင် အရွယ်နဲ့မလိုက်အောင် စိတ်ဆင်းရဲမှုတွေကြုံခဲ့ရတဲ့အတွက် ဘယ်အရာကိုမှ မှန်မှန်ကန်ကန်မမြင်နိုင်ဘဲ အတ္တစိတ်တွေလွန်ကဲနေတဲ့ ထက်ဘုန်းနိုင်က နောက်ဆုံး ဘယ်သူမှအပြစ်မပေးရဘဲ သူ့မိုက်ပြစ်ကို သူပေးဆပ်သွားရတယ် ။ ဒါကတော့ ကိုယ့်ရဲ့လူဆိုးကြီးနဲ့ ပတ်သက်လို့ပေါ့နော် ။ အခြေအနေလေးများပေးခဲ့ရင် ကိုယ်က ထက်ဘုန်းနိုင်ကို စစ်မှန်တဲ့ပျော်ရွှင်မှုရဲ့အရသာကို ခံစားခိုင်းအုံးမှာပါ ။

You've reached the end of published parts.

⏰ Last updated: Jun 30, 2023 ⏰

Add this story to your Library to get notified about new parts!

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now