Episode (25)

1.3K 141 35
                                    

Unicode

မည်သည့်အရပ်ဒေသတွင် ပွင့်သည်ဖြစ်စေ ... မည်သို့ပင် အမည်သတ်မှတ်ပါစေ ၊ အဝါရောင်ခြယ်သော နေကြာပန်းလေးသည် နေရှိရာအရပ်ကိုသာ မျက်နှာမူပါ၏ ။

*********

" မေ ရတော့မှာလား ၊ သန့် ဗိုက်ဆာနေပြီလို့ "

" ရပြီ...ရပြီ...ထိုင်တော့...ဘယ်လိုဖြစ်နေမှန်းကို မသိဘူး...ပျာယာခတ်နေတာပဲ "

" ဗိုက်ဆာလို့ပါဆို မေရဲ့ "

" အေးပါဟယ်...အေးပါ ၊ သူများကြားသွားရင် မေက မေ့သားကို မကျွေးမမွေးဘဲထားထားတယ်လို့ ထင်နေလိမ့်မယ် ၊ ကောင်းကော...ကောင်းကိုလဲခေါ်လိုက်အုံးလေ "

" ကောင်းက အင်္ကျီလျှော်နေတယ် မေ "

" ဟယ်...ဒီကလေးကတော့ ဘယ်လောက်ပြောပြောမရဘူး...ကြည့်အုံး... သွားခေါ် "

မေက အလိုမကျဟန်ဖြင့်ကြည့်ပြီးမှ ခပ်ဆတ်ဆတ်လေးပြောလာသောကြောင့် သန့်မျက်နှာမှာ ငယ်ကျသွားသည် ။ သန့်လည်း ကောင်းကို အင်္ကျီများမလျှော်ပေးရန် အမြဲပြောသော်လည်း ကောင်းက လက်မခံပေ ။

" သန့် မခိုင်းဘူးနော် မေ "

မေက သူ့ကို မျက်လုံးပင့်ကြည့်ရင်း ဂေါ်ဖီသုပ်ပန်းကန်ကိုလည်း သူ့လက်ထဲသို့ထည့်ပေးလာ၏ ။ လက်ထဲရှိဂေါ်ဖီသုပ်ပန်းကန်လေးကိုကြည့်နေချိန်မေက သူ့လက်မောင်းကို လက်ဖျားလေးဖြင့်ဖွဖွရိုက်ပြီး တံခါးပေါက်ကိုမေးငေါ့ပြလာသည် ။ ထိုအခါမှ လက်ထဲရှိပန်းကန်ကို စားပွဲပေါ်တင်ပြီး ခန္ဓာကိုယ်ကိုလည်း တံခါးပေါက်ရှိရာဆီသို့လှည့်လိုက်ချိန် အခန်းထဲသို့ဝင်လာသည့် ကောင်းနှင့် တည့်တည့်ဆုံ၏ ။

ကောင်းက သူ့ကို မျက်ခုံးပင့်ပြလာသောကြောင့်

" မင်းကိုလာခေါ်ဖို့ "

ဟု ဖြေလိုက်သည့်အခါ ခေါင်းညိတ်ပြပြီးမှ မေ ရှိရာဆီကို တန်းတန်းမတ်မတ်လျှောက်သွားလေသည် ။

" တီတီ ကျွန်တော် ဘာကူပေးရမလဲ "

" ရပြီ ... ကောင်း "

တီတီ့မျက်နှာမှာ မကြည်လင်ပေ ။ သူ တီတီ့ကိုခဏကြာစိုက်ကြည့်မိတော့ တီတီ့အကြည့်မှာ သူ့ဆီသို့ ရောက်ရှိလာ၏ ။ ထို့နောက် တီတီက လက်ညှိုးတစ်ချောင်းထောင်ပြီး မျက်မှောင်ကုတ်၍

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now