Episode (20)

1.6K 159 62
                                    

Unicode

တနင်္ဂနွေနေ့မို့ အေးအေးဆေးဆေးနေပစ်မည်ဟု တွေးထားသမျှမှာ ကောင်း၏

" စာမေးပွဲအတွက် စာလုပ်ကြရအောင် "

ဆိုသည့် စကားကြောင့် အလဲလဲအပြိုပြို ။ စာမေးပွဲဖြေရန်မှာ တစ်လကျော်ခန့်လိုသေးသော်လည်း ကောင်းကတော့ ကြိုးစားသူပီပီ ကြိုတင်ပြီးစာလုပ်တော့မည် ။

" ဟိုဟာလေ ကောင်း...မစောလွန်းဘူးလား "

ကျောပိုးအိတ်ထဲရှိ စာအုပ်များကို ထုတ်နေသည့်ကောင်း၏လက်မှာတန့်သွားပြီး သန့်ကို မျက်လုံးထောင့်ကပ်၍ကြည့်မိသွားသည် ။ ကောင်း၏အကြည့်ကြောင့် သန့်က မျက်ခုံးထူထူများကိုပင့်ရင်း ကောင်း၏လက်မောင်းရင်းနေရာကို လက်ညှိုးထိပ်လေးဖြင့် အသာအယာထိုးလိုက်၏ ။

" ဟင်လို့...မစောဘူးလားလို့ "

" ဘာကစောတာလဲ "

" စာမေးပွဲဖြေဖို့က အဝေးကြီးလိုသေးတယ်လေကွာ "

" အဲဒီတော့ "

ကောင်း၏အသံမှာ အတက်အကျမရှိသလို ကောင်း၏မျက်နှာမှာလည်း ခပ်တည်တည် ။ ထို့အတွက်ကြောင့် ဆက်ပြောမည့်စကားများမှာ လည်ချောင်းထဲသို့ပြန်ဝင်သွားခဲ့၏ ။

ကောင်းက လိုအပ်သည့်စာအုပ်အားလုံးကို စားပွဲပေါ်သို့တင်လိုက်ပြီးမှ ခန္ဓာကိုယ်ကိုလည်း သန့်နှင့်ဝေးသွားအောင် အနည်းငယ်ခွာလိုက်သည် ။ ပြီးမှ သန့်၏မျက်နှာကို စက္ကန့်အနည်းငယ်ကြာအောင်ကြည့်မိ၏ ။ သူ ကြည့်နေမှန်းလည်းသိရော သန့်၏ပုံစံမှာ ဂနာမငြိမ်ဖြစ်လာပြီး မျက်လုံးထောင့်ကပ်၍လည်း အကြိမ်ကြိမ်ကြည့်လာပြန်သည် ။

သန့်က ဉာဏ်ကောင်းသည်ကိုအကြောင်းပြပြီး စာလုပ်ရန် အချိန်ဆွဲတတ်သည့်အကျင့်မှာ ယခုထိကိုအမြစ်တွယ်နေဆဲ ။

" စာမေးပွဲကအဝေးကြီးလိုသေးတော့ မင်းက ဘာလုပ်ချင်လို့လဲ သန့် "

ကောင်းက သိလျက်သားဖြင့် မေးလာသော်လည်း သူကတော့ အဖြေရခက်လှသည် ။

" ဘာမှမလုပ်ချင်ပါဘူး...ဘာမှမလုပ်ချင်ပါဘူး ၊ စာလုပ်ရမှာဆို စာလုပ်ပါ့မယ် "

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now