Episode (7)

1.8K 223 117
                                    

Unicode

" ဟဲ့ နင့်မျက်နှာက ဘယ်လိုဖြစ်ပြီး အဲဒီလောက်ပြုံးနေရတာလဲ "

" ပြုံးရတဲ့အကြောင်းကိုနောက်မှပြောပြမယ် ၊ အခု အိတ်ထဲကပစ္စည်းတွေကို အရင်သိမ်းအုံး မွန် "

လဲ့ လှမ်းပေးလာသည့်အိတ်ထုပ်ကိုယူ၍ အထဲကိုကြည့်မိတော့ မျက်ခုံးများမှာ ပင့်တက်သွား၏ ။ အမျိုးအစားစုံလှသည့် ဟင်းချက်စရာများမှာ အိတ်ပြည့်လုနီးပါးပင် ။ ကိုင်ထားသည့်အိတ်ကို စားပွဲပေါ်သို့ အရင်တင်လိုက်ပြီးမှ မွန်က နှာခေါင်းကိုရှုံ့လိုက်၏ ။

" အများကြီးဟယ် "

" များပေမဲ့ လိုတဲ့ဟာတွေချည်းပဲလေ ၊  ပဲပြားနဲ့ပဲပင်ပေါက်ကိုတော့ မနက်ဖြန်ကြော်လိုက် ၊ အဲဒါတွေကအထားမခံဘူး ၊ ကြက်ကလီစာတွေက စျေးသက်သာလို့ ငါ ဝယ်လာလိုက်တာ "

" ဆန်ကြာဆံတွေက ဘာလုပ်ဖို့လဲ "

" လွှင့်ပစ်ဖို့လေ "

" ဟဲ့ ငါ အကောင်းမေးနေတာကို "

" ကြော်ဖို့ပေါ့ မွန်ရဲ့ ၊ ကလေးတွေကိုကြော်ကျွေးလိုက် ၊ ငါက ကြော်ကျွေးချင်ရင်တောင် မကြော်ကျွေးနိုင်ဘူးလေ ၊ အဲဒီတော့ နင်ပဲကြော်ကျွေးလိုက်တော့ ၊ ခရုဆီနဲ့ ပဲငံပြာရည်ဘူးလဲပါတယ် "

" နင် ပိုက်ဆံအများကြီးကုန်သွားမှာပဲ လဲ့ရယ် "

" ကုန်ပါစေ မွန်ရာ ၊ ငါလဲ နည်းနည်းပါးပါးတော့ပြန်လုပ်ပေးချင်တာပေါ့ ၊ နင်ကပဲ ငါတို့ကိုအမြဲဂရုစိုက်ပေးနေတာလေ ၊ ငါလဲ တစ်ခါတလေတော့တတ်နိုင်တာလေးတွေ လုပ်ပေးပါရစေ "

" အေးပါ...အေးပါဟယ်... လုပ်ပေး...လုပ်ပေး ၊ နင် ခုနကပြောတဲ့ ပြုံးနေရတဲ့ကိစ္စဆိုတာက ဘာလဲ "

မွန့် အမေးစကားကြောင့် လဲ့၏မျက်နှာထက်တွင် အပြုံးတစ်ခုဖြတ်ပြေးသွားသည် ။ ထို့နောက် လဲ့က
အိတ်ထုပ်ကိုမေးဆတ်ပြကာ

" သိမ်းစရာရှိတာတွေသိမ်းလိုက်အုံး မွန် ၊ ငါ ဧည့်ခန်းမှာစောင့်နေမယ် "

" ဟုတ်ပြီ...ဟုတ်ပြီ "

မွန်က အိတ်ထဲရှိပစ္စည်းများကို မြန်မြန်ဆန်ဆန်ထုတ်ယူပြီး ရေခဲသေတ္တာထဲနှင့် ကြောင်အိမ်ထဲသို့ စနစ်တကျထည့်နေချိန် လဲ့က မွန့်နောက်ကျောပြင်ကို ခဏကြာကြည့်နေပြီးမှ ဧည့်ခန်းထဲကို နောက်ပြန်လှည့်မိ၏ ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now