Episode (43)

1K 95 18
                                    

ဧည့်ခန်းထဲတွင် ဖျာတစ်ချပ်ခင်းပြီး လျှော်ပြီးသားအဝတ်များကို အားကြ်ိုးမာန်တက်ဖြင့်မီးပူတိုက်နေသည့် မေနှင့် ဆေးဆိုင်မှရရှိလာသည့်ရောင်းရငွေများကိုသေသေချာချာရေတွက်နေသော ဖေ့ကို ငေးမောကြည့်မိတော့ ပြောမည်ဟုကြံရွယ်ထားသောစကားများမှာ လည်ပင်းထဲတွင်သာပျောက်ရှကုန်သည် ။ မပြောလျှင်လည်းမဖြစ် ၊ ပြောရန်လည်းမလွယ်သည့်အခြေအနေကြောင့် သက်ပြင်းကိုသာအကြိမ်ကြိမ်ချနေမိပြီး နောက်ဆုံးတော့  လေပူတစ်ချက်မှုတ်ထုတ်ကာ မဝံ့မရဲဖြစ်နေသည့်စိတ်များကို အဆုံးသတ်လိုက်ရ၏ ။

" မေ... သန့် ပြောစရာရှိလို့ "

မတိုးမကျယ်သည့်အသံဖြင့်ပြောလိုက်ချိန် မေက သူ့ကို မျက်လုံးဝေ့ကြည့်လာပြီးမှ မေးဆတ်ပြလာခဲ့သည် ။ ဖေ့အကြည့်ကလည်း သည်ဘက်သို့ရောက်လာပြီး ပြောမည့်စကားကို သိချင်ဟန်အပြည့် ။

" သန့် ပတ်စပို့လုပ်ချင်လို့ မေ "

" ပတ်စပို့လုပ်ချင်လို့... ဟုတ်လား...သန့် "

ခေါင်းညိတ်ပြလိုက်တော့ မေက သူ့မျက်နှာကို ခေတ္တကြည့်ပြီးမှ မီးပူပလတ်ကြိုးကိုဆွဲဖြုတ်လိုက်၏ ။

" ကောင်းသားပဲ ဖေ့သားရဲ့... လုပ်လေ "

" နေပါအုံး ကိုသက်ရဲ့ ၊ မွန် သေချာလေးမေးပါအုံးမယ် ၊ ဘယ်လိုဖြစ်လို့ သန့်ပြောသမျှကို ခေါင်းညိတ်နေရတာလဲ "

မေက ဆူသလိုမျိုးလေသံဖြင့်ပြောလိုက်တော့ ဖေက တဟဲဟဲရယ်ပြီးမှ သန့်ကို မျက်ခုံးပင့် ၊ ပခုံးတွန့်ပြလေသည် ။ ဖေ့အပြုအမူကြောင့် မေ၏မျက်စောင်းက သူတို့နှစ်ယောက်လုံးဆီသို့ လျင်မြန်စွာဖြင့်ရောက်ရှိလာခဲ့တော့၏ ။

" ဟင်း...ကိုသက်နော်... အမြဲတမ်း ကာဆီးကာဆီးနဲ့ "

" မဟုတ်ရပါဘူး မွန်ရာ "

" တော်...တော်...နောက်မှ ကိုသက်နဲ့ပြောမယ် ၊ မေ့သား ပတ်စပို့လုပ်မယ်ဆိုတာ ဘယ်တော့လုပ်မှာလဲ "
သန့် တံတွေးမျိုချပြီး မေ့ကို မျက်လုံးဝေ့ကြည့်ကာ

" မနက်ဖြန် "

" ဟိုရက်ကတောင် မေနဲ့တီတီနဲ့ သန့်တို့ကို ပတ်စပို့လုပ်ခိုင်းဖို့ပြောဖြစ်ကြသေးတယ် ၊ ကောင်းပါတယ်...ကောင်းပါတယ်....လုပ်...လုပ် ၊ ပုလဲတို့လဲလုပ်မယ်တဲ့လား "

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now