Final Episode (52)

4.2K 155 41
                                    

Unicode

ထက်ဘုန်းနိုင်၏အကြောင်းကို မည်သူကမှ သန့်ကိုမပြောခဲ့ကြပေ ။ သို့သော်လည်း ကိုယ့်နည်းကိုယ့်ဟန်နှင့်တော့ ထက်ဘုန်းနိုင်၏ဘေးကင်းလုံခြုံမှုကို စုံစမ်းနေခဲ့ကြ၏ ။ အထူးသဖြင့် သွက်သွက်လက်လက်ရှိသော ပုလဲက နီးစပ်ရာတွင်လိုက်စုံစမ်းနေခဲ့ပြီး ထက်ဘုန်းနိုင်၏သတင်းအစအနရရှိလာသည်နှင့် တီတီ့ဆီသို့ အပြေးအလွှားသွားကာ အကြောင်းကြားရတော့သည် ။

ပုလဲကိုမြင်သည်နှင့် သန့်က မျက်ခုံးကျုံ့၍ အထက်အောက်အစုန်အဆန်ကြည့်လာကာ

" အခုတလော နင် ငါတို့အိမ်ကို ခဏခဏလာတယ်နော် "

" ငါ့ဟာငါလာတာ ၊ နင့်ကိစ္စလား "

ရိုးရိုးတန်းတန်းပြောသည်မဟုတ်ဘဲ လက်မောင်းကို နှစ်ချက်ရိုက်လိုက်ပြီးမှ ပခုံးကိုတိုက်၍ ခြံထဲကို တလွှားလွှားဖြင့်ဝင်သွားလေသည် ။ နာသွားသည့်လက်မောင်းကိုပွတ်ပြီး ပုလဲ၏နောက်ကျောပြင်ကိုလိုက်ကြည့်ရင်း ခေါင်းကိုလည်းခါလိုက်မိ၏ ။ ရုပ်လေးနှင့်မလိုက်ဖက်အောင်ကို မေပုလဲဆိုသည့်သူငယ်ချင်းမက ခပ်ကြမ်းကြမ်းပြုမူတတ်လေသည် ။ တော်ရုံယောက်ျားကတော့ ပုလဲ၏အကြည့်နှင့်ပင် အနားသို့မကပ်ရဲကြသလို သတ္တိကောင်းလွန်း၍အနားကပ်လာကြသည့် တစ်ယောက်စ ၊ နှစ်ယောက်စကလည်း ပုလဲ၏လက်ချက်မိသွားကြသဖြင့် မချဉ်းကပ်ရဲတော့ပေ ။

" ဟဲ့...ကောင်းကော "

ခပ်လှမ်းလှမ်းရောက်မှ လှမ်းအော်မေးလာသည့်အတွက် လန့်သွားပြီး ကောင်း၏အိမ်ဘက်ကိုမေးဆတ်ပြမိ၏ ။

" သူ့အိမ်မှာလား "

" အေး "

" အမယ်လေးလေး... နားရှိလို့သာကြားရတယ် ၊ ငါကလေ ကောင်းသုတကျော်ကို အိမ်ထောင်စုစာရင်းရွှေ့လိုက်ပြီကိုထင်နေတာ "

" အိမ်သန့်ရှင်းရေးလုပ်ဖို့ပြန်သွားတာပဲ ၊ ဟိုဟာလေ ပုလဲ နင်ရှိနေမယ်ဆိုရင် ငါ ကောင်းဆီကိုခဏသွားလိုက်အုံးမယ် ၊ တစ်ခုခုအကူအညီလိုရင် ကူညီလို့ရတာပေါ့ "

" ကြွ...ကြွ...အေးအေးဆေးဆေးသာနေ ၊ ငါက နေ့လယ်ထမင်းစားပြီးမှပြန်မှာ ၊ ယုယကလဲ သူ့အမျိုးတွေဆီသွားလည်နေလို့ ငါတစ်ယောက်တည်းပျင်းနေလို့ဟာ ၊ ဒါနဲ့ ဘာဘာညာညာ ဘာမှမကြားချင်ဘူးနော် သန့်မင်းဉာဏ် ၊ ငါ့သူငယ်ချင်းလူအေးလေးကို နင် ဘာမှလုပ်ဖို့စိတ်မကူးနဲ့ကြားလား "

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now