Episode (21)

1.3K 137 58
                                    

Unicode

ကျနေပြင်းပြင်းက ခန္ဓာကိုယ်ပေါ်သို့ကျရောက်လာသည့်အခါ ချွေးများမှာ ပြိုက်ခနဲထွက်လာသည် ။ ဖေဖော်ဝါရီလတွင် အခြားနေရာများ၌ အေးနေဆဲဖြစ်သော်လည်း ရန်ကုန်မြို့ကြီးကတော့ သိသာစွာပင် အပူချိန်မြင့်နေပြီဖြစ်၏ ။

နေကပူသည့်အပြင် သွားနေကျလမ်းမှလည်း မပြန်ရသဖြင့် ပုလဲ၏စိတ်မှာ မကြည်မလင်ဖြစ်နေသော်ငြား သန့်၏မျက်နှာမှာတော့ ပြုံးဖြီးဖြီး ။ မသိလျှင် သိန်းထီကြီးပေါက်ထားသည့်လူတစ်ယောက်လိုပင် ။ လက်ထဲရှိ ထမင်းချိုင့်ကိုလည်း တယမ်းယမ်းနှင့်ဆိုတော့ ကြည့်နေရင်း စိတ်ထဲတွင် ယားကျိကျိဖြစ်လာရသည် ။

" နင့်ဆိုင်ကရောက်ဖို့ကြာအုံးမှာလား "

" ဟီး...ဟီး...ရှေ့ဆိုရင်ရောက်ပြီဟ "

သန့်က တဟီးဟီးရယ်ပြီးစကားပြောလာသည့်အခါ ပုလဲက မျက်နှာကို ရှုံ့မဲ့ပစ်၏ ။ ထို့နောက် ပုလဲ၏လက်မှာ သန့်၏လက်မောင်းပေါ်သို့ရောက်ရှိသွားပြီး ခပ်ဆတ်ဆတ်ရိုက်တော့ သန့်က အခနဲ ရေရွတ်လိုက်သည် ။

" နာတယ်ဟ "

" ဟဲ့...နင်အပိုမလုပ်နဲ့ ၊ ဘယ်နေရာကနာသွားတာလဲဆိုတာကို သေချာလေးပြောကြည့်လိုက်စမ်း သန့် ၊ အခုက ငါရဲ့အတွင်းအားတွေကိုနည်းနည်းပဲသုံးထားတာ ၊ အတွင်းအားအကုန်သုံးလိုက်ရင် နင် ဒီနေရာမှာတင် ဘိုင်းခနဲလဲသွားမှာ "

ရုပ်တည်နှင့်ခြိမ်းခြောက်လိုက်သောအခါ သန့်က  မျက်လုံးထောင့်ကပ်၍ကြည့်လာခဲ့သည် ။

" တကယ်မလုပ်နဲ့နော် ပုလဲ ၊ ငါက နင့်ကိုစနေတာပါဟာ ၊ ဟိုတစ်ခါ နင့်အတွင်းအားတွေကို တွေ့ပြီးကတည်းက ငါ နင့်အစွမ်းတွေကို ယုံကြည်ပြီးသား...သိလား "

" သိ...ပြီးတာပဲ "

သန့်၏စကားကြောင့် ပုလဲ၏မျက်နှာမှာ မော်ချီသွားပြီး ယုယကတော့ ဘေးဘက်ရှိ ကောင်းကိုကြည့်လိုက်မိသလို ကောင်းကလည်းပြန်ကြည့်လာသဖြင့် နှစ်ယောက်သား တစ်ယောက်မျက်နှာကိုတစ်ယောက်ကြည့်ရင်း ပြုံးတုံ့တုံ့မျက်နှာမျိုးဖြစ်သွားကြ၏ ။ ယခုထိလည်း ဒုတိယနှစ်ကအဖြစ်အပျက်မှာ သူတို့၏အာရုံထဲတွင် စွဲထင်နေဆဲ ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now