Episode (11)

1.6K 191 36
                                    

Unicode

" ကြာလိုက်တာ ငါ့တူမကြီးတို့ရာ ၊ နေအုံး...နေအုံး...ညည်းငိုထားတာလား "

ကားမောင်းသည့်ဦးလေးကြီးက ပုလဲ၏မျက်နှာကိုစေ့စေ့ကြည့်ရင်း မေးလိုက်တော့ ပုလဲက ခေါင်းကိုသွက်သွက်ခါသည် ။

" မျက်လုံးထဲ အမှုန်ဝင်သွားလို့ ဦးလေးရယ် ၊ အဲဒီအမှုန်ကိုလဲထုတ်ရတယ်... အီးပန်းနေတဲ့ သန့်ကိုလဲ စောင့်နေရလို့ နည်းနည်းကြာသွားတာပါ ၊ ပုလဲတို့ကို စိတ်မဆိုးနဲ့နော် ဦးလေး "

"ဦးလေးက  စိတ်ဆိုးလ်ို့မေးတာ မဟုတ်ပါဘူး ၊ ကိုယ်တာဝန်ယူပြီးပို့ပေးရတဲ့ ကလေးတွေဆိုတော့ ဦးလေးကစိတ်ပူလို့ပါကွာ ၊ ကဲ...ကဲ...တက်ကြ...တက်ကြ "

ပုလဲနှင့်ယုယက ကားပေါ်ကို အရင်တက်လိုက်ကြပြီး သန့်က နောက်မှလိုက်တက်သွားသည် ။ ကောင်းကတော့ နောက်ဆုံးမှ ကားပေါ်သို့တက်လိုက်ကာ သန့်၏ဘေးဘက်တွင်ကပ်ထိုင်၍ သန့်၏ လက်တစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိ၏ ။ သန့်၏မျက်လုံးများမှာ ဖွင့်လာလိုက် ခဏကြာလျှင် ပြန်ပိတ်သွားလိုက်ဖြင့် တစ်ယောက်တည်းအတွေးများနေသည့်ပုံပင် ။ ခဏကြာမှ ...

" ပုလဲ "

သန့်၏ခေါ်သံကြောင့် မျက်နှာချင်းဆိုင်ခုံတွင် ငြိမ်ငြိမ်လေးထိုင်နေသည့် ပုလဲက မေးဆတ်ပြလာ၏ ။

" ကျေးဇူးပဲ "

" ဘာအတွက်လဲ "

" ငါ့အတွက် စိတ်တိုဒေါသထွက်ပေးလို့ "

" အပိုတွေ "

" တကယ်ပြောတာပါ ပုလဲ ၊ နင့်ကိုလဲကျေးဇူးတင်တယ် ၊ ယုယကိုလဲ ကျေးဇူးတင်တယ် သိလား "

" နင်နဲ့ငါတို့နဲ့က အခုမှပေါင်းလာတာလား သန့် ၊ သူငယ်တန်းကတည်းက အတူစားအတူသွားနေလာတာ မဟုတ်ဘူးလား "

" ဟုတ်ပါတယ်ဟာ "

" အဲဒါဆိုရင် ကျေးဇူးဆိုတဲ့စကားကို ငါတို့ကိုလာမပြောနဲ့ ၊ ငါတို့နေရာမှာ နင်ဆိုရင်လဲ စိတ်ပူပြီးကာကွယ်မှာပဲလေ ၊ အဖြစ်အပျက်တစ်ခုကို နင် မှတ်မိသေးလား သန့် "

" ဘာကိုလဲ "

ပုလဲက ယဲ့ယဲ့လေးပြုံးပြလာ၏ ။

သံယောဇဉ်မြစ်ကို လွှမ်းခြုံထားတဲ့ မေတ္တာတိမ်စိုင် (Complete)Where stories live. Discover now