အပိုင်း(၃)

2K 386 12
                                    

ချီနန်မှလွဲ၍ အားလုံးက ချက်ချင်းပင် စိတ်အေးလက်အေး ဖြစ်သွားကြပြီး ချီနန်ကတော့ အမူအရာ အနည်းငယ် ပြောင်းလဲသွား‌ေလသည်။

"ဒါဟာ ငါမြင်ဖူးသမျှထဲ အလှတရားစံနှုန်း အမြင့်ဆုံး ရှိတဲ့ အိပ်မက်ဆိုး တစ်ခုပဲ"

"ပိုင်ရင်းကျီက အရမ်းကြည့်ကောင်းတယ်"

"ငါ့ရဲ့ငယ်စဉ်ကလေးဘဝရဲ့ နတ်သမီးက ရိုးရိုးရှင်းရှင်းပဲ ပြီးပြည့်စုံတယ်!"

အားလုံးက ပိုင်ရင်းကျီ၏ မျက်နှာ‌ေပါ်၌ နှစ်မြုပ်နေချိန်တွင် ချီနန်က မေးလိုက်သည်။
"အိပ်မက်ဆိုးကမ္ဘာမှာ လက်တွေ့ကိုအခြေခံထားတဲ့ နယ်မြေတွေ အများကြီးရှိတာလား?"

သူ့ရည်းစားရှိနေတာကြောင့် ချန်းရွှီက ပိုင်ရင်းကျီကို မကြည့်ဘဲ ချီနန်ကို သေချာပြန်ဖြေပေးလိုက်သည်။
“အများကြီးမဟုတ်ဘူး။ ရှားတယ်လို့တောင် ပြောလို့ရတယ်။ အများစုက အိပ်မက်ဖန်တီးသူတွေ ဖန်တီးထားတဲ့ မြင်ကွင်းတွေနဲ့ ဇာတ်လမ်းတွေပဲ”

“ဒါဆို ဒီထဲမှာ ပေါ်လာတဲ့ အပြင်ဘက်လောကအစစ်က လူတွေကကော?”

ချန်းရွှီက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ သူတို့က အတုတွေ။ သူတို့က အိပ်မက်ဖန်တီးသူ ဖန်တီးထားတဲ့ NPC တွေပဲ။ နယ်မြေတိုင်းမှာ ဇာတ်လမ်းတိုးတက်ဖို့ ဒါမှမဟုတ် စည်းကမ်းထုတ်ပြန်ဖို့ NPC တွေရှိတယ်။ သူတို့ရဲ့ စကားတွေနဲ့ လုပ်ဆောင်ချက်မှန်သမျှကို အိပ်မက်ဖန်တီးသူက ပုံဖော်ထားတာ။ သူတို့က ဒီတိုင်း ကုဒ်တစ်ခုပဲ”

စကားပြောပြီးနောက် သူသည် ခမ်းနားထည်ဝါသော ပိုင်ရင်းကျီကို လှည့်ကြည့်လိုက်ပြီး ချီနန်ကို ပြန်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ချီနန်က အနည်းငယ် အံ့ြသသွားပြီး စဉ်းစားလိုက်၏။
'ဒါဆို ခုနက သူ့ကိုလမ်းပြ‌ပေးခဲ့တဲ့ ယိုယွီက တကယ်တော့ အသိဥာဏ်မရှိတဲ့ NPC ပေါ့? ဒါဆို သူ့ကို သိတယ်လို့ ဘာလို့ပြောတာပါလိမ့်? အဲဒီစကားကလည်း အိပ်မက်ဖန်တီးသူက တမင်ရေးထားတဲ့ ဒိုင်ယာလော့ပဲလား? ကြည့်ရတာတော့ ဒီနယ်မြေကို ချော‌ေချာ‌ေမွ့မွေ့ ရှင်းလင်းပြီးမှ သူအဲဒီနှစ်ရဲ့ အမှန်တရားကို သိရမယ်ထင်တယ်'

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now