အပိုင်း(၂၈-၁)

1.4K 310 4
                                    

မရဏပန်းချီပြပွဲခန်းမထဲတွင်။

ချီနန် ပင်လယ်ထဲသို့ ပစ်ချလိုက်သော ပန်းချီကားသည် နံရံပေါ်တွင် မပျက်မစီး ချိတ်ဆွဲထားလျက်ရှိသည်ကို တွေ့လိုက်သောအခါ အဖွဲ့က လေအေးများရှူရှိုက်လိုက်ရသည်။

"ဘာ‌ေတွဖြစ်နေတာလဲ?" 
ဟေးချသည် ချီနန်နှင့်ရင်းနှီးသော်လည်း ယခုအချိန်တွင်တော့ ထိတ်လန့်နေဆဲပင်။ သူသည် ချီနန်ကို အံ့ြသစွာဖြင့် ကြည့်လိုက်သည်။ 
"မင်းဘယ်လိုမှော်ပညာများ သုံးလိုက်တာလဲ?"

“ဒီပန်းချီကားတွေကို လွှင့်ပစ်နိုင်မလားဆိုတာ ကြည့်ကြည့်တာပါ”

ဝါရင့် အိပ်မက်လည်ပတ်သူ အများအပြားသည် နောက်ဆုံးတွင် နားလည်သဘောပေါက်သွားပြီး ထောင့်စွန်းမှ လွတ်နေသော ဘောင်ကို အလိုလို ကြည့်လိုက်ကြသည်။

"နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုရှိသေးတယ်"

ယဲ့ချန်က ပြန်‌ေရာက်လာ‌ေသာ ပန်းချီကားကို ဖြုတ်ဖို့ သူ့လက်ကို မြှေှာက်လိုက်သည်။ ထို့နောက် သူသည် ပန်းချီကားကို မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။ ပန်းချီက မကျိုး‌ေကြဘူးဆိုတာကို သူမြင်ပြီး ပန်းချီကားပေါ်တက်နင်းပြန်သည်။

အုပ်စုက တအံ့တဩ ငေးကြည့်နေကြ၏။ ယဲ့ချန်က အနည်းငယ် ပြုံးလိုက်ပြီး သူ့အမူအရာက နူးညံ့သိမ်မွေ့နေဆဲ။ 
"တောင်းပန်ပါတယ် ကျွန်တော့်လုပ်ရပ်က နည်းနည်းတော့ ကြမ်းသွား‌ေပမယ့် ကျွန်တော်လည်း စမ်းသပ်မှုတစ်ခု လုပ်နေတာ”

လူတိုင်း, "……"

303က ဒီကောင်လေး နှစ်ယောက်က ပုံမှန်မဟုတ်ဘူး ဟုတ်တယ်မလား?

ဂုဏ်ယူဖွယ်ချိတ်ဆွဲထားတဲ့ ပန်းချီကားကို တက်နင်းတာက သိက္ခာမရှိရာမရောက်ဘူးလား?

ယဲ့ချန်သည် ပန်းချီကားကို ချိုးဖျက်၍မရသည်ကို မြင်သော် ခဏလောက် စဉ်းစားလိုက်ပြီး ရင်ဘတ်ကြီးကြီး အမျိုးသမီးကို ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။ 
"မီးခြစ်တစ်လုံးလောက် ငှားလို့ရမလား?"

အမျိုးသမီးက သဘောပေါက်ပြီး မီးခြစ်ကိုထုတ်ကာ ပစ်‌ေပးလိုက်၏။ 
"သိပ်ယဉ်ကျေးမ‌နေပါနဲ့"

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now