အပိုင်း(၆၈)

853 179 0
                                    

"ဆောရီး ကျွန်တော်မသောက်နိုင်ဘူး" 
ချီနန်က ရိုးရိုးရှင်းရှင်းပဲ ငြင်းလိုက်သည်။

မဒမ်၏ အမူအရာမှာ ရုတ်တရက်ပြောင်းလဲသွားသော်လည်း သူမက တောင့်တောင့်ကြီး ပြုံးနေဆဲပင်။

"ငါးစွပ်ပြုတ်ကို မကြိုက်ဘူးလား? အန်တီချိန်ရဲ့ ငါးစွပ်ပြုတ်က အရမ်းအရသာရှိတယ်...အရိုးလည်း လုံးဝမပါဘူး”

"ကျွန်တော်က ငါးနဲ့ ဓါတ်မတည့်ဘူး" 
ချီနန်က သူ့အတွက် ငြင်းဆန်နိုင်သည့် အကြောင်းရင်းကို အလျင်အမြန် ရှာဖွေလိုက်သည်။

မဒမ်၏ မျက်လုံးများထဲရှိ မျှော်လင့်ချက်က အေးစက်သွား၏။ နောက်ဆုံးတွင် သူမသည် အန်‌ပြီး၍ ပြန်လာထိုင်သော ထန်ယွီဆီသို့ လှည့်သွားခဲ့သည်။
“မစ္စထန်…”

“အန်တီ..တောင်းပန်ပါတယ်...သမီးလည်း ငါးနဲ့လည်း ဓါတ်မတည့်ဘူး” 
ထန်ယွီကလည်း ချီနန့်ကို အတုခိုးပြီးပြီး ငြင်းဆိုလိုက်၏။

မဒမ်က သက်ပြင်းချလိုက်သည်။ 
"အန်တီချိန်..ဒီငါးစွပ်ပြုတ် နှစ်ပန်းကန်ကို ဖယ်ပြီး ဒီဟင်းကို ငါတို့မိသားစုမီနူးထဲက ဖျက်လိုက်ပါ"

“ဟုတ်ကဲ့ပါ မဒမ်” 
အန်တီချိန်သည် ကြောက်စရာကောင်းသော ငါးစွပ်ပြုတ်ကို အမြန်ဖယ်ရှားလိုက်၏။

“ပူနေတုန်း စားကြ...ကြိုက်တဲ့ ဟင်းတွေ‌ေရွးစား”
မဒမ်က သူမ၏ စိတ်အားထက်သန်မှုကို မြန်မြန်ပြန်ရသွားပြီး လူနှစ်ယောက်ကို ပြောလိုက်သည်။

အခုလေးတင် paradise ငါး‌ေကြာင့် သူတို့နှစ်ယောက်လုံး စားပွဲပေါ်က အရသာရှိတဲ့ စားစရာတွေကို လုံးဝ စိတ်မဝင်စားတော့တာတော့ နှမြောစရာပင်။ နှစ်ယောက်လုံး နည်းနည်းပဲစားပြီး တူတွေကို ပြန်ချလိုက်ကြကာ မဒမ်တစ်ယောက်တည်းသာ နှစ်နှစ်ခြိုက်ခြိုက် စားနေလေသည်။

ချီနန်က ယခုတာဝန်မှ သူမကို မပျော်မရွှင်ဖြစ်စေခြင်းသည် နှစ်သက်မှုကို လျော့ပါးစေမည်မဟုတ်ကြောင်း ကောက်ချက်ချခဲ့သည်။

ထို့အပြင် နှစ်သက်မှုတိုးအောင် ပြုလုပ်ရမည့်ပစ်မှတ်သည်လည်း မဒမ်မဟုတ်ဘဲ အလွယ်တကူ ပေါ်ထွက်လာမှာမဟုတ်သော ဇာတ်ကောင်တစ်ဦးဖြစ်ကြောင်း သူသံသယရှိနေ၏။ ဥပမာ- မှန်ထဲတွင် ပုန်းနေသည့်သူပင်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now