အပိုင်း(၆၉)

860 176 3
                                    

ဗီရိုတံခါး အဟလေးကြားမှ ချီနန်က အပြင်ဘက်ကို ကြည့်လိုက်သည်။ မှောင်လွန်းတာကြောင့် ဘယ်သူ ချဉ်းကပ်လာတယ် ဆိုတာကိုတော့ မမြင်ရပေ။

သူတို့နှစ်ယောက်လုံး ပါးလွှာသောဗီရိုတံခါးကိုဖြတ်ကာ အသက်မြန်မြန်ရှူ‌ေနကြပြီး ချီနန်သည် တစ်ဖက်လူ၏ ကြောက်ရွံ့မှုကြောင့် မြန်ဆန်နေသော နှလုံးခုန်သံကိုပင် ကြားနေရသည်။ ထိုသူက အိမ်အကူ သို့မဟုတ် မဒမ်မဖြစ်နိုင်လောက်ပေ။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ-

"ဘယ်သူလဲ…? ဗီရိုထဲမှာ တစ်ယောက်ယောက်ရှိလား?" 
ချီနန်မျှော်လင့်ထားသည့်အတိုင်း ထန်ယွီ၏ တုန်လှုပ်‌ေနသောအသံကို ကြားလိုက်ရ၏။

ချီနန်က သူ့ပခုံးတွေကို ဖြေလျှော့လိုက်သည်။ 
“ငါပါ”

"ချီနန်?" 
ထန်ယွီက မယုံကြည်နိုင်စွာ အော်ပြောလိုက်၏။ 
“ဒါပေမယ့်… ဗီရိုထဲကို ဘယ်လိုရောက်လာတာလဲ… အဲ့ဒါကို သော့‌ေတာင်ခတ်ထားတာ”

ထန်ယွီသည် ချီနန်ရှိနေခြင်းကြောင့် အံဩသွားကာ ဗီရိုသော့ကိုဖွင့်ရန် ကူညီပေးခဲ့သည်။

တံခါးသော့ပွင့်သွားသည်နှင့် ၎င်းတို့နှစ်ဦးသည် စနစ်မှ သတိပေးချက်ကို ရရှိလိုက်၏။

[ဇာတ်လမ်းထဲက အရေးကြီးတဲ့ ဇာတ်ကောင်ကို လွတ်မြောက်စေခဲ့တဲ့ ကျောင်းသားနှစ်ယောက်ကို ဂုဏ်ပြုပါတယ်။ ကောင်းချီးမှတ် 20 ရရှိပြီး စုပေါင်းရမှတ်က အခု အမှတ် 50 ဖြစ်တယ်။]

ထန်ယွီ၏ မျက်နှာတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားသည်။ 
"ဘာတွေဖြစ်နေတာလဲ? အရေးကြီးတဲ့ ဇာတ်ကောင်က ဘယ်သူလဲ?"

ချီနန်က ဗီရိုထဲမှ အမြန်ခုန်ဆင်းကာ ဧည့်ခန်းတွင် မီးပြတ်သွားပြီးနောက် ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့် အဖြစ်အပျက်များကို ထန်ယွီအား အကျဉ်းချုံး ပြောပြလိုက်သည်။

ထန်ယွီက ထိုစကားကိုကြားသောအခါ ထိတ်လန့်သွား၏။ 
“ဒီလိုမျိုး ကြုံလာရရင် ငါသာဆို ကြောက်ပြီးကြက်သေသေနေမှာ...သဲလွန်စတွေနောက် မလိုက်နိုင်‌ေလာက်ဘူး…”

"ဘာလို့ ဒီအခန်းထဲလာဖို့ စဉ်းစားခဲ့တာလဲ?" 
ဗီရိုထဲမှထွက်လာပြီးနောက် ချီနန်သည် လက်ရှိတွင် သူတို့နှစ်‌ေယာက် သော့ခတ်ထားသော အခန်းထဲတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now