အပိုင်း(၇၀)

806 184 0
                                    

လူအားလုံး တောင့်တင်းသွားကြသည်။

အိမ်တော်ထိန်းက အဘွားအိုကို သူတို့ဒေသစကားဖြင့် အရင်ပြောပြီးမှ အဖွဲ့ကိုကြည့်လိုက်၏။ 
"တောင်းပန်ပါတယ်...သခင်မက သူမြင်တာကို မထင်မရှား ဥပစာတွေနဲ့ ဖော်ပြလေ့ရှိပြီး ဒါက လူတွေကို မကြာခဏ စိတ်ရှုပ်ထွေးစေတယ်‌ေလ...ဒီကလူကြီးမင်းမကြိုက်ရင် ကျုပ်တို့နေရာကို လာလို့ရပါတယ်...သခင်မက သူမြင်တဲ့ မြင်ကွင်းကို နှစ်ယောက်သား နားလည်ဖို့ အဆင်ပြေအောင် ပုံဆွဲပေးလိမ့်မယ်”

အဘွားအိုက ချီနန့်ကို တိုက်ရိုက်ဖိတ်လိုက်သည်။
“မင်းရဲ့ပုံစံကိုလည်း ငါအရမ်းစိတ်ဝင်စားတယ်...မစ္စတာချီ ငါ့ရဲ့‌ေမာ်ဒယ်ဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်...မစ္စတာချီ စိတ်ဝင်စားလား မသိဘူး?"

ချီနန်က ဒီကိစ္စကို တွေးနေဖို့တောင် မလိုဘဲ ရိုးသားစွာ ပြန်ဖြေလိုက်သည်။
“ကျေးဇူးတင်ပါတယ်...ဒါဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ”

သူတို့နှစ်ဦး သဘောတူညီမှုရခဲ့ပြီးနောက် အဘွားအိုနှင့် အိမ်တော်ထိန်းတို့နှင့်အတူ တတိယထပ်သို့ လိုက်သွားကြသည်။

အဘွားအိုက သူမသည် လုံးဝမျက်စိကွယ်လုနီးနီးဖြစ်‌ေနသည်ဟု ဆိုသော်လည်း ပန်းချီဆွဲသောအခါတွင်မူ ရှင်းရှင်းလင်းလင်းမြင်နိုင်‌ေသး၏။ ၎င်းကကံဆိုးမှုတွေကြားထဲက ကောင်းချီးတစ်ခုပင်။ ထို့ကြောင့်သာမန်လူတွေ မမြင်နိုင်တဲ့ ခမ်းနားတဲ့ အရာတွေကို သူမ ပန်းချီဆွဲနိုင်ခဲ့သည်။

ချီနန်က အလွန်ပူးပေါင်းဆောင်ရွက်သော မော်ဒယ်တစ်ဦး ဖြစ်ခဲ့သည်။ သူသည် လိုက်လျောညီထွေရှိပြီး ငြီးငွေ့ခြင်းမရှိပဲ အကြာကြီးထိုင်နေသည့် အနေအထားကို ထိန်းသိမ်းနိုင်ခဲ့သည်။ သူက အဖြူရောင် ပန်းပွင့်လေးများ ဘေးတွင် တိတ်တဆိတ်ထိုင်နေပြီး မလှမ်းမကမ်းမှ နေ့အလင်းရောင်ကို လှမ်းကြည့်လိုက်၏။

ဒီနေရာရဲ့ နောက်ခံနေရောင်က တခြားနေရာတွေထက် ပိုပူပြီး နေ့လည်ခင်းမှာ အရာအားလုံးကို အရည်ပျော်သွားစေနိုင်တဲ့ မီးတောက်တွေ စီးဆင်းနေသလိုမျိုးပင်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now