အပိုင်း(၅၈)

911 214 12
                                    

အရင်အပိုင်းတင်တဲ့နေ့ကစပြီး တော်တော်လေးနေမကောင်းဖြစ်သွားလို့ ကြားထဲမှာupdateနည်းနည်းကြာသွားတယ်။ ဒီနေ့ကစ ပြန်upပါပြီနော်။

------------------------------------------------

"ဘာတွေဖြစ်နေတာလဲ? ငါတို့အဲဒါတွေကို ကြမ်းပြင်ပေါ်ချလိုက်တုန်းက အပိုင်းအစနည်းနည်း ပျောက်သွားတာလား?"
 
လူတိုင်း ကြမ်းပြင်ပေါ် လဲလျောင်းပြီး ပျောက်ဆုံးနေသော ပဟေဋ္ဌိအပိုင်းအစများကို ဂရုတစိုက် ရှာဖွေခဲ့ကြသည်။ လူ 14 ဦးသည် စာသင်ခန်း၏ ထောင့်တိုင်းကို ရှာဖွေခဲ့သော်လည်း ပဟေဠိအပိုင်းအစများ၏ အရိပ်ကိုပင် ရှာမတွေ့ခဲ့ပေ။

စာသင်ခန်းကို ရှာဖွေပြီးနောက် သူတို့အားလုံး သူတို့ကိုယ်သူတို့ ရှာဖွေကြသည်။ ပဟေဠိအပိုင်းအစများက ၎င်းတို့၏အဝတ်များထဲသို့ မသိလိုက်ဘဲ ပြုတ်ကျသွားမှာကို ကြောက်ရွံ့သောကြောင့်ပင်။ ဒါတောင် သူတို့ ဘာမှမတွေ့သေးပေ။

"ဘယ်လိုလုပ်ကြမလဲ? မိနစ် 20 ပဲ ကျန်‌ေတာ့တယ်…”

“ငါတို့ ဒီအခန်းကလွဲလို့ တခြားဘယ်မှမသွားခဲ့ဘူး။ ဒီအခန်းထဲက နေရာတိုင်းကိုလည်း ရှာဖွေခဲ့တာပဲ။ ဖြစ်နိုင်တာက… ဒီပဟေဋ္ဌိက အစကတည်းက အပိုင်းအစတွေ ပျောက်နေတာလား?”

“မဟုတ်ဘူး သံသေတ္တာကိုဖွင့်ဖို့ ပဟေဋ္ဌိကို ပြီးအောင်လုပ်ရမယ်လို့ ဆရာမက ရှင်းရှင်းလင်းလင်းပြောသွားတယ်‌ေလ”

ထန်ယွီက ခဏလောက် ရေတွက်ပြီးမှ တည်ငြိမ်စွာ ပြောလိုက်သည်။
"ပဟေဋ္ဌိပြီးဖို့ အပိုင်းအစ 19ခု လိုနေတယ်"

ကောင်လေးက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့လိုက်သည်။ 
“19ခုကို မေ့ထားလိုက်။ ငါတို့တစ်ခုတောင် မတွေ့‌ေသးဘူး”

လူတိုင်း ဝိဉာဉ်ပျောက်သလို ဖြစ်နေကြချိန် ချီနန်က သူတို့ကို တိတ်တဆိတ် စောင့်ကြည့်နေတဲ့ ဆရာမကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။
"ပဟေဋ္ဌိအပိုင်းအစတစ်ခု ပျောက်နေရင် ဘယ်မှာ သွားရှာရမလဲ?"

ကျောင်းသားတစ်ယောက်အနေနဲ့ သူနားမလည်တာတစ်ခုခုရှိရင် ဆရာကို တက်တက်ကြွကြွမေးတာက ပိုကောင်းသည်ဟု သူယုံကြည်ပြီး ၎င်းက မှန်းဆထားတာထက် ပိုစိတ်ချရသေးသည်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now