အပိုင်း(၁၆)

1.5K 365 20
                                    

ဟေးချသည် သော့ကို စိတ်လှုပ်ရှားစွာ ဖွင့်လိုက်သည်နှင့် 'ကလစ်' ဟူသော အသံကို ကြားလိုက်ရပြီး လူတိုင်း၏ နှလုံးသားထဲရှိ ကျောက်တုံးကြီးသည် နောက်ဆုံးတွင် ပြုတ်ကျသွား‌ေလသည်။ ဗီလာတံခါးပွင့်လာပြီး တံခါးအပြင်ဘက်ရှိ ထူထပ်သော မြူများ ကင်းစင်သွားကာ လရောင်ဖျော့ဖျော့က ခြံဝင်းတစ်ခုလုံး ပြည့်သွား၏။ နောက်ဆုံးတော့ အိပ်မက်ဆိုးကြီး ပြီးသွား‌ေလပြီ...

တစ်ချိန်တည်းမှာပင် အခန်းတွင်း အပူချိန်သည် လျင်မြန်စွာ မြင့်တက်လာ၏။ လူအိုကြီးယွီက ချန်းရွှီကို ဆိုဖာပေါ်ကနေ သယ်လိုက်ပြီး လူတိုင်းကိုအမြန်ပြောလိုက်သည်။
"မြန်မြန်ထွက်သွား။ ဒီအိပ်မက်က ကြာရှည်မခံဘူး"

အုပ်စုက ထွက်ပြေးလာသလို အိမ်က ထွက်လာကြ၏။ တံခါးဖွင့်ပေးသော ဟေးချသည် ချီနန်ကိုလမ်းပြရန် လှည့်ကြည့်လိုက်သော် လူအိုကြီးယွီက ချီနန့်ကို ဂရုစိုက်နေကြောင်း တွေ့လိုက်ရသည် ။

"ချီနန်၊ ငါ မင်းကို တစ်ခုမေးချင်လို့။ မင်းဆန္ဒမရှိရင်တော့ ဖြေစရာမလိုပါဘူး"
လူအိုကြီးယွီသည် ပေါ့ပေါ့ပါးပါးဖြင့် စကားပြောလာ၏။

ချီနန်က ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေသည်။
"မေးပါ"

"မင်းနဲ့ သခင်‌ေလးကြားက ဆက်ဆံရေးက ဘယ်လိုမျိုးလဲ? မင်းတို့အချင်းချင်း အပြင်မှာသိကြတာလား?"
ချီနန်ကို ညွှန်ပြသည့်အသုံးအနှုန်းသည် ဆန်းကြယ်လှ၏။

ချီနန်က ခဏလောက် ငြိမ်နေပြီးမှ ခေါင်းညိတ်လိုက်သည်။
"ဒါဟာ တူညီတဲ့ရောဂါဖြစ်နေလို့ ကိုယ်ချင်းစာတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်နိုင်တယ်"

ထို့နောက် ချီနန်သူ့မျက်လုံးများကို ညွှန်ပြလိုက်၏။

လူအိုကြီးယွီသည် အံ့အားသင့်သွားကာ ပခုံးတွန့်ပြီး ပြုံးလိုက်သည်။
"ကောင်းပြီ ငါမင်းကို ယုံတယ်။ မြန်မြန်ကျန်းမာပါစေလို့ ဆုတောင်း‌ေပးပါတယ်"

"ကျေးဇူးတင်ပါတယ်"

သူတို့အိမ်က ထွက်သွားတာနဲ့ သူတို့နောက်ကနေ ကျယ်လောင်တဲ့ အသံတစ်ခုထွက်လာ၏။ အိမ်ကြီးသည် သတိပေးချက်မရှိဘဲ သူ့အလိုလို မီးလောင်သွားပြီး မီးသည် ကောင်းကင်ထိ ထိုးတက်သွားသည်။ နီမြန်းသောမီးပွားများသည် ညလေညှင်းတွင် လွင့်ပျံ့သွားကြ၏။ ချီနန် မမြင်နိုင်ရင်တောင်မှ တဟုန်းဟုန်းတောက်နေတဲ့ အပူလှိုင်းကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်‌ေလသည်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now