အပိုင်း(၈၈)

261 56 2
                                    

ကားထဲက လူများမှာ စကားတစ်ခွန်းမှ မပြောနိုင်လောက်အောင် အံ့ဩနေကြသည်။ ဤသည်မှာ ချီနန်သူ၏ ပတ်တီးကိုစုတ်ဖြဲပြီး အကောင်းတိုင်းရှိနေသော ဒဏ်ရာကို ဖွင့်လှစ်မပြခင်အထိပင်။ ကျန်းယွီက အံ့ဩသွားပြီး တစ်ချိန်တည်းမှာပင် သူမ၏ စိုးရိမ်ပူပန်မှုတွေကို လွှတ်ချနိုင်တော့သည်။

"တော်သေးတာပေါ့။ မင်းတကယ်မသေဘူး"

ချီနန်၏လည်စေ့မှာ လှုပ်ရှားသွားပြီး သူ၏လည်ပင်းကို လက်ဖြင့်ထိကြည့်လိုက်သည်။ သူ၏သွေးလွှတ်ကြောနှင့် လေပြွန်ကို လှီးဖြတ်ထားသောဒဏ်ရာသည် လုံးဝပျောက်ကင်းသွားပြီဖြစ်၏။

'သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အသစ်တစ်ခုပမာပင်'

"ဒါပေမယ့် ဟိုတယ်မှာ မင်းကိုသတ်ခဲ့တဲ့ဇာတ်ကွက်က  မင်းဘယ်လိုလုပ်ခဲ့တာလဲ?"

ကျန်းယွီက လေးစားသွားဟန်ဖြင့် မေးလိုက်သည်။
"ဒါက တကယ့်ကို စစ်မှန်လွန်းခဲ့တာ...ငါတို့မင်းရဲ့သွေးခုန်နှုန်းကိုရော အသက်ရှူသံကိုရော လုံးဝစမ်းသပ်လို့မရခဲ့ဘူး။ အသက်ရှင်နေတယ်ဆိုပြီး ထင်စရာကိုမရှိတာ"

လွန်ခဲ့သော အချိန်အနည်းငယ်က သူမသည် ချီနန်အမှန်တကယ်မသေဟု သံသယရှိခဲ့သည်။ သို့သော် တကယ်အလောင်းနှင့် သွေးသံရဲရဲမြင်ကွင်းကို မြင်လိုက်ရသောအခါ အမှန်တကယ်ဟု သူမ ယုံကြည်ခဲ့ရသည်။

ချီနန်က သူ၏လက်ပေါ်အထိ စင်ထားသော အဝတ်အစားပေါ်ရှိ သွေးစွန်းကွက်များကို ကြည့်လိုက်၏။ ထို့နောက် နေရောင်အောက်တွင် ထားကာ ထပ်ကြည့်လိုက်ပြန်သည်။

"ထင်စရာမရှိဘူးလေ။ ဘာလို့ဆို ငါတကယ် ကိုယ့်ကိုယ်ကို သတ်သေခဲ့တာ"

သူထင်သလိုပင် နေရောင်က သူ့လက်ဖဝါးကိုအလွယ်တကူထိုးဖောက်သွားပြီး အမှုန်အမွှားအချို့မှာ သား‌‌ေရထိုင်ခုံပေါ်ကျလာခဲ့သည်။

"ဘာ!"
ကိုယ့်ကိုယ်ကို အမှန်တကယ် သတ်သေခြင်း....
ချီနန်၏စကားလုံးများမှာ အချက်အလက်ကြီးမားလွန်းနေသဖြင့် အားလုံးမှာ သူတို့၏မျက်လုံးများကိုပါ မယုံကြည်နိုင်ကြတော့။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now