အပိုင်း(၆၀)

919 189 0
                                    

အခန်း 202 မှ နီရုန်သည် 15 ရက်နေ့ ညတွင် သေဆုံးသွားခဲ့သည်။

သူတို့အားလုံးက ကျောင်းစည်းကမ်းအသစ်မှာ ယောက်ျားလေးများအတွက်ဖြစ်၍ မိန်းကလေးအဝတ်အစားများ ၀တ်ဆင်ကြရမည်ဟု ယူဆခဲ့ကြသော်လည်း သေဆုံးသွားသူမှာ မိန်းကလေးဖြစ်‌ေနခဲ့သည်။

နီရုန်က ယခင်အိပ်မက်လည်ပတ်သူများထက် ပို၍ အေးအေးချမ်းချမ်း သေဆုံးသွားခဲ့သည်။ ခေါင်းအုံးပေါ် လှဲ‌ေနရင်း သူ့မျက်နှာက ငြိမ်းချမ်းနေခဲ့၏။ သူ့မျက်နှာမှာ သွေးမရှိဘဲ ဖြူဖျော့နေပြီး အသက်ရှူမနေ၍သာ မဟုတ်လျှင် အိပ်ပျော်နေသည်ဟုသာ ထင်ရပေသည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ… သေဒဏ်ပေးခံရတာမိန်းကလေးတစ်ယောက်တဲ့လား?”

"မနေ့က ငါတို့ ခန့်မှန်းခဲ့တာတွေက မမှန်ဘူးလား?"

ကျောင်းစည်းကမ်းကို ရှာတွေ့ပြီးနောက် တည်ငြိမ်‌ေနခဲ့သော အိပ်မက်လည်ပတ်သူများသည် နီရုန်သေဆုံးပြီးနောက် စိတ်ရှုပ်ထွေးသွားကြ၏။

ချီနန်သည် နီရုန်၏အိပ်ဆောင်တွင် အနီရောင်စောင် မရှိသည်ကို လျင်မြန်စွာ သတိပြုမိပြီး သူမ၏ အခန်းဖော် ကျောက်စုန့်နန်သည်လည်း အလွန်အမင်း ထိတ်လန့်ခြင်းမှလွဲ၍ ကျန်တာမထိခိုက်ပေ။ ဤအချက်က အခန်း 202 သည် မနေ့ညက သေခြင်းနိမိတ်ပြဗီဒီယိုကိုလည်း မရရှိခဲ့ကြောင်း ညွှန်ပြနေပေသည်။

မနေ့က တစ်ညလုံး နှင်းမကျခဲ့တဲ့အတွက် နှင်းနဲ့ပတ်သက်သည့် ကျောင်းစည်းကမ်းကို ချိုးဖောက်နိုင်ခြေလည်းနည်း၏။

'မနေ့ညအတွက် ယောက်ျား‌ေလး‌ေတွကို ယဇ်ပူဇော်တဲ့ ကျောင်းစည်းကမ်းအပြင် တခြားစည်းကမ်းတစ်ခု ရှိသေးတာလား? ဒါပေမယ့် ပထမညကလွဲလို့ နေ့တိုင်းကျောင်းစည်းကမ်းတစ်ခုပဲ ရှိတယ်လို့ ဆရာမက ရှင်းရှင်းလင်းလင်းပြောခဲ့တယ်လေ။ အကြောင်းအရင်း မသိရဘဲနဲ့ လူတစ်ယောက် သေဆုံးသွားတာက အဓိပ္ပါယ်မရှိဘူး'

ယခု ချီနန်တွေးနိုင်သည့် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ နီရုန်၏ သေဆုံးမှုသည် နိုးထမှုတန်ဖိုးမြင့်မား‌ေနခြင်းကြောင့် ဖြစ်သည်ဟူ၍ပင်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now