အခန်း(၂၄)

1.6K 322 4
                                    

အိပ်မက်လည်ပတ်သူအားလုံးသည် ဆန္ဒတစ်ခုစီဖြင့် အိပ်မက်ဆိုးကမ္ဘာထဲသို့ ဝင်ရောက်လာကြခြင်းဖြစ်သည်။

သူတို့မှာ ငါးဆားနူတစ်ကောင်လို အသက်ကို ထိန်းသိမ်းဖို့ သို့မဟုတ် ဘယ်လိုနည်းနဲ့မဆို နှစ်သက်မှုတန်ဖိုးရဖို့ ကြိုးစားတာပဲဖြစ်ဖြစ် အရေးမကြီးပါ‌ေချ။  သူတို့အားလုံး၏ 'တစ်ခုခုကိုတောင်းဆိုချင်သည့်' ဆန္ဒကတော့ အတူတူပင်။

သူတို့၏ ပင်ကိုယ်စရိုက်တွေက မတူကြသလို ဆန္ဒကို ဖြည့်ဆည်းဖို့ စိတ်အားထက်သန်မှုကလည်း မတူကြပေ။

ထို့ကြောင့် ကပ္ပတိန်မှဖော်ပြလာသော 'ကြွယ်ဝသောဆုလာဘ်များ' သည် အိပ်မက်လည်ပတ်သူများအတွက် ဆွဲဆောင်မှုရှိသော်လည်း အရှက်နှင့် အသိစိတ်ကြောင့် ယင်းကို မည်သူမျှမပြလိုပါ။

ထို့အပြင် သေရမယ့်လူက သူတိုမဟုတ်ကြောင်းလည်း မည်သူမှ အာမမခံနိုင်ပေ…

“ချစ်လှစွာသော ဧည့်သည်တော်များ ခင်ဗျာ၊ သေချာစဉ်းစားပြီး ဒီည ပုံပြင်ပြောချိန်အတွက် ပြင်ဆင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

သူပြောပြီးတဲ့နောက်တွင် ကပ္ပတိန်အိုကြီးက လူတိုင်းကို ဦးညွှတ်ပြလိုက်သည်။ ထို့နောက် ဝန်ထမ်းများကို ခန်းမထဲမှ ထွက်ခိုင်းလိုက်၏။

"ဒါဆို ငါတို့ဘာဆက်လုပ်သင့်လဲ?" 
DIY အင်္ကျီဝတ်ထားသော လူငယ်သည် ကပ္ပတိန်၏ ရက်ရောသော ဆုလာဘ်များအတွက် ကျေးဇူးမတင်ပါ။ လူသစ်တစ်ယောက်အနေဖြင့် ခန္ဓာကိုယ်နှစ်ခြမ်းကွဲသွားသူများအတွက် ကြောက်ရွံ့ထိတ်လန့်ကာ စိတ်မကောင်းဖြစ်ခဲ့ရသည်။

တခြားသူတွေရဲ့ အမူအရာတွေကလည်း သိမ်မွေ့‌ေနသည်။ 12 နာရီတောင်မကျန်တော့ဘဲ နောက်ထပ် ထိတ်လန့်စရာဇာတ်လမ်း‌ေပြာချိန်ကို ရောက်ရှိလာတော့မည်ဖြစ်၏။

“ဂိမ်းကို သီးခြားစီရှင်းဖို့ သဲလွန်စရှာရမယ်”
ဆံပင်နီနီလူငယ်က ပြောသည်။

“ဒါပေမယ့် အခု ငါ့မှာ ဘာသဲလွန်စမှ မရှိဘူး…”
လူငယ်က စိတ်ပျက်နေပုံပေါ်ပြီး ဘယ်လိုစရမယ်ဆိုတာ လုံးဝ မသိ‌ေပ။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now