အပိုင်း(၃၀-၂) Arc-2 (end)

1.6K 330 3
                                    

အိပ်မက်ဖန်တီးသူက သူ့လက်ကို ဆုပ်ကိုင်လိုက်သည့်အခိုက်တွင် ချီနန်သည် တုန်ယင်သွားတာကို မထိန်းနိုင်လိုက်‌ေပ။

ပျော့ပျောင်းသောပိုးသားလက်အိတ်ဖြင့် ထုပ်ထားသည့် လက်များသည် အသက်ရှင်နေသူ၏ လက်များဖြစ်ပုံမပေါ်ပါ။

လရောင်ဖြာတဲ့ညမှာ သူ့လက်ကို နှင်းတွေထဲထည့်ထားသလိုမျိုး အရိုးထိ အေးစက်သွားရသည်… ။ ၎င်းတို့တွင် လူသားတစ်ယောက်၌ ရှိသင့်သည့် နွေးထွေးမှုမျိုး မရှိပါ‌ေချ။

သို့တိုင် ထိုလက်များသည် နူးညံ့သိမ်မွေ့ပြီး ချီနန်ကို မြူးကြွတဲ့ အကကြမ်းပြင်ပေါ် ဆွဲ‌ေခါ်ရင်း တေးဂီတသံနှင့်အတူ အကကို ကျက်သရေရှိစွာ ကနေလေသည်။ သူ၏ လမ်းညွှန်မှုအောက်တွင် ချီနန်သည် သံစဉ်နှင့် လုံးဝမကိုက်ဘဲ လှုပ်ယမ်းနေ၏။ သူသည် သက်ဝင်လှုပ်ရှားနေသော အကကြမ်းပြင်တွင် နေရာမရှိသူတစ်ယောက်ဖြစ်သည်။

တစ်ဖက်လူက ခပ်တိုးတိုးရယ်သည်။ ချီနန်က မကျေမနပ်ဖြင့် ကြည့်လိုက်သော် အိပ်မက်ဖန်တီးသူက သူ့နှုတ်ခမ်းကို စိလိုက်၏။ 
"အရမ်းချစ်စရာကောင်းတယ်"

ဒီစကားများကို သူပြောခဲ့ဖူးသည်။

ချီနန်သည် သူနှင့် စကားပြောရန် အစီအစဉ်မရှိဘဲ အကအဆင့်များကို ခက်ခက်ခဲခဲ ဆက်လက်သင်ယူနေ၏။

တစ်၊ နှစ်၊ သုံး၊ တစ်၊ နှစ်၊ သုံး...

"တောင်းပန်ပါတယ် ခုနက မင်းရဲ့အရာဝတ္ထုကို ပြုတ်ကျစေမိတာ" 
ချီနန်က ထိုလူ၏ အိတ်ကပ်ကို ကြည့်လိုက်သည်။
"အဲဒါက ဘာလဲဆိုတာ ပြောပြလို့ရမလား?"

တဖက်လူက သက်ပြင်းချလိုက်၏။ 
"မရ‌ေသးဘူး"

ချီနန်, “……”

ခဏကြာတော့ သီချင်းက ပြီးသွားသည်။

သီချင်းသံ ရပ်တန့်သွားသည်နှင့် ရွှင်မြူးစွာ ကခုန်နေခဲ့သော ယောက်ျားမိန်းမအားလုံး ရုတ်တရက် ပျောက်ကွယ်သွားပြီး ကပွဲခန်းမသည် တောက်ပနေဆဲဖြစ်သော်လည်း ချီနန်နှင့် အိပ်မက်ဖန်တီးသူသာ ကျန်ရှိတော့သည်။

ချီနန်သည် ပတ်ဝန်းကျင်ကို သံသယဖြင့် ကြည့်လိုက်‌ေသာ် အိပ်မက်ဖန်တီးသူသည် သူ့နှုတ်ခမ်းပေါ်သို့ လျှို့ဝှက်စွာဖြင့် လက်ညိုးတင်ကာ 'shh' အမူအရာ လုပ်ပြခဲ့သည်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now