အပိုင်း(၇၆)

850 188 1
                                    

ဤ 'ချစ်သူများ' ကတ်သည် လက်ရှိအခြေအနေနှင့် အလွန်ဆန့်ကျင်ဘက် ဖြစ်‌‌ေနသောကြောင့် လူတိုင်း၏အပြောအဆိုများက အနည်းငယ် သိမ်မွေ့လာကြသည်။

သူတို့နောက်မှ အိပ်မက်လည်ပတ်သူ တစ်ယောက်က ထပြောလာ၏။

“သာမန်ဆိုရင် ကျောင်းတွေက ငယ်သေးတဲ့အချိန်မှာ အချစ်ရှာတာကို တားမြစ်တာမဟုတ်ဘူးလား? 'ချစ်သူများကတ်' က ဘာလို့ ပထမဆုံးကတ်ဖြစ်ရတာလဲ...”

"မင်းဘာတွေတွေးနေလဲ? ချစ်သူများကတ်က တကယ်ချစ်မိသွားတာကို ဖော်ပြတယ်လို့ မင်းထင်နေတာလား?"
နောက်ထပ် အိပ်မက်လည်ပတ်သူ တစ်ယောက်က ပြန်ဖြေသည်။

“ဗေဒင်ဟောတာက ဆက်ဖြစ်နေတုန်းပဲ...စောင့်ဆိုင်းနေတဲ့ ကျောင်းသားများ ကျေးဇူးပြုပြီး တိတ်တိတ်နေကြပါ...မဟုတ်ရင် ဗေဒင်ဟောတာရဲ့ ရလဒ်တွေကို ထိခိုက်စေလိမ့်မယ်”

ဆရာမ၏ မျက်လုံးများသည် ချီနန်၏ ပခုံးကို ဖြတ်ကျော်ကာ သူ့နောက်တွင် တီးတိုးတီးတိုး ပြောနေကြသော ကျောင်းသားများဆီသို့ စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။ အားလုံးက ချက်ချင်းပင် တောင့်တင်းပြီး ငြိမ်သက်သွားကြ၏။

ချီနန်က 'ချစ်သူများ' ကတ်ကို သူ့ရှေ့မှာ ချထားပြီး မော့ကြည့်လိုက်သည်။ 
“ကျွန်‌ေတာ့်ရဲ့ ဗေဒင်ဟောတဲ့အပိုင်း ပြီးပြီလား?”

"မင်းအရမ်း ကောင်းကောင်းလုပ်ခဲ့တယ်" 
ဆရာမက ခေါင်းညိတ်ပြပြီး သူမအကြည့်က ထုန်ယွီံဆီသို့ လှည့်လာသည်။ 
"ဒုတိယကျောင်းသား...ကျေးဇူးပြုပြီး ကတ်ဆွဲပါ"

ထုန်ယွီက အမြဲတမ်း ရိုးရိုးသားသား ပြုမူခဲ့သည်။  ကျန် 21 ကတ်မှ သူမ၏ တားရော့ကတ်ကို အမြန်ရွေးချယ်ပြီး လှန်လိုက်၏။ ၎င်းက '‌ေဇာက်ထိုးဆွဲခံရသူ' ဖြစ်သည်။

"ဘာကိုဆိုလိုတာလဲ?" 
ထုန်ယွီက တားရော့အကြောင်း လုံးဝမသိသဖြင့် စိတ်ရှုပ်သွားသည်။ သစ်သားလက်ဝါးကပ်တိုင်မှာ ဇောက်ထိုးတွဲလောင်းကျနေပြီး သူ့ခြေကျင်းဝတ်တွေကို စပျစ်နွယ်တွေနဲ့ ရစ်ပတ်ခံထားရတဲ့ ကတ်ပေါ်မှ အမျိုးသားဆီက ဝမ်းနည်းပြီး လွမ်းဆွတ်စရာကောင်းတဲ့ ခံစားချက်ကို သူမ ခံစားလိုက်ရသည်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now