အပိုင်း(၈၅)

414 88 0
                                    

ယိုယွီက ဇာတ်ကောင်ထဲမှာ ပိတ်မိနေတဲ့ ချီနန်ကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။

သူ့ရဲ့အကြည့်တွေထဲမှာ နှစ်လိုမှုတွေနဲ့ ဟန်လုပ်ပြနေမှုတွေ နှစ်ခုလုံးနှင့် နားလည်ရခက်သည့် ကြင်နာမှုတွေဖြင့် ရောပြွန်းနေလေသည်။

ဓားကိုကိုင်ထားတဲ့ ဇာတ်ကောင်ရဲ့ လက်တွေက တုန်ယင်လာခဲ့သည်။ ချီနန်က ဇာတ်ကောင်ရဲ့ မျက်နှာအမူအရာကို ဓားသွားကနေ မြင်လိုက်ရသည်။ တုံ့ဆိုင်းခြင်း၊ ရွံ့ရှာခြင်း၊ ဒေါသတွေထက် အကြောက်တရားကပိုများနေပြီး ပုံမှန်လူတစ်ယောက်ရဲ့ စိတ်ခံစားချက်မျိုး‌ေတွကို မြင်‌ေနရသည်။

ချီနန်က ဒီလိုခံစားချက်တွေ ရှုပ်ထွေးနေတဲ့ သူ့ပုံစံနဲ့မရင်းနှီးတာကြောင့် ပိုပြီး သိချင်လာခဲ့သည်။

ချီနန်ရဲ့လက်ထဲမှာ ကိုင်ထားတဲ့ ဓားက ကိတ်မုန့်လှီးရန် အသုံးပြုဖို့အတွက်တောင် အရမ်းချွန်မြနေခဲ့တာမို့ မကောင်းဆိုးဝါးဝိညာဉ်က ဒီလိုအ‌ခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားတာပဲ ဖြစ်လိမ့်မည်။

"အစ်ကို ငါအဆင်သင့်ဖြစ်ပြီ"
ယိုယွီရဲ့နှုတ်ခမ်းတွေက ကွေးညွတ်သွားပြီး သူရဲ့အကာအကွယ်မဲ့နေတဲ့ လည်ပင်းကို ဖြည်းဖြည်းချင်း ဖော်ပြလာခဲ့သည်။

ယိုယွီက ဇာတ်ကောင်အတိုင်း လုပ်နေတယ်ဆိုတာထက် လူတစ်ယောက်ရဲ့ သေဆုံးခြင်းကို ချီနန့်အား ပြချင်နေပုံရ၏။

ဤမကောင်းဆိုးဝါး ဝိညာဉ်၏ စိတ်ခံစားချက်က ဘယ်လိုဆိုတာကို ချီနန်မသိပေ ။ ဒါပေမဲ့ တွေးကြည့်ရင်တော့ စိတ်ဝင်စားဖွယ်ကောင်းသည်။

ချီနန်က ဇာ‌တ်ကောင်ရဲ့ ရှုထောင့်ကနေ ယိုယွီက သူပျောက်သွားတဲ့လက်စွပ်ကို လက်သူကြွယ်မှာဝတ်ထားတာကို တွေ့လိုက်ရသည်။

ဒါဆိုလက်စွပ်ကို ခိုးသွားတဲ့လူက ယိုယွီ ဖြစ်မည်ဟု ချီနန်တွေးလိုက်၏။ သူ့ရဲ့ဇာတ်ကောင်သည်လည်း လက်စွပ်ကို လက်သူကြွယ်မှာ ဝတ်ထားခဲ့သည်။

အလုံပိတ် မြေအောက်ခန်းထဲတွင် လေမရှိပေမဲ့ ကိတ်မုန့်ပေါ်က ဖယောင်းတိုင်မီးက ပြင်းပြင်းထန်ထန် တောက်လောင်နေပြီး မီးတောက်သံတွေကိုပါ ကြားနေရ၏။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now