အပိုင်း(၁၂)

1.5K 320 14
                                    

ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဘွဲ့ရအများစုကဲ့သို့ပင် ပိုင်ရင်းကျီသည် နောက်ခံမရှိ၊ အရင်းအနှီးမရှိသလို ကံလည်းမရှိပေ။ နှစ်အတော်ကြာ ရုန်းကန်ခဲ့ရပြီးနောက် သူမသည် 18 တန်းအဆင့်အပြင်ဘက်မှ အနုပညာရှင်ငယ်တစ်ဦးသာဖြစ်ခဲ့သည်။ အတွေ့အကြုံ ကောင်းကောင်းမရှိဘဲ၊ ကောင်းမွန်သော ဇာတ်ညွှန်းက တံခါးဆီသို့ မရောက်လာနိုင်ပါ။ ဇာတ်ညွှန်းကောင်းကောင်းမရှိလျှင်လည်း အတွေ့အကြုံရှိလာမှာ မဟုတ်… ဒီစက်ဝိုင်းကြီးက သူမကို စျေးကွက်ထဲကနေ ဖယ်ထုတ်ပစ်ဖို့ တွန်းအားပေးခဲ့၏။

သူမ ပေါ်ပြူလာဖြစ်လာဖို့ ကံကောင်းခြင်းတစ်ခုပဲ လိုသည်။

နယ်ပယ်တစ်ခုတည်းရှိ သူငယ်ချင်းတစ်ဦး၏ မိတ်ဆက်မှုကို အသုံးပြု၍ ပိုင်ရင်းကျီသည် ချီငှားရမ်းခြင်းအတတ်ပညာကို စတင်သင်ယူခဲ့သည်။ သူမသည် ဝိညာဉ်ရေးပူဇော်သက္ကာများမှတစ်ဆင့် သူမ၏ကံကြမ္မာကို ထိန်းညှိခဲ့သည်။ မကြာခင်မှာပဲ သူမနာမည်ကြီး IP တစ်ခုရပြီး ပိုင်ရင်းကျီ၏ အသက်မွေးဝမ်းကြောင်းဟာ မြင့်တက်လာခဲ့၏။

လူကြိုက်များမှုသည် ချီအတွက် သူမ၏ တောင်းဆိုမှု အားကောင်းသထက် အားကောင်းလာပြီး... သူမ၏ ဆန္ဒသည် အောက်ခြေလွတ်သော တွင်းတစ်ခုကဲ့သို့ ဖြစ်လာလေသည်။ ပိုင်ရင်းကျီသည် ပိုကစားလေလေ ပိုအချီကြီးရလာ‌ေလ‌လေဖြစ်၍ နတ်ဆိုးတွေနှင့်ပါ ဆက်သွယ်ဖို့ ကြိုးစားပါတော့သည်။

သို့သော်လည်း သူမ၏ အသက်မွေးဝမ်းကြောင်းအလုပ်သည် အထွတ်အထိပ်သို့ ရောက်သည်နှင့် တပြိုင်နက် ပထမဆံုး သူမ တစ်ညလုံး အိပ်မက်ဆိုးတွေ မက်ခဲ့၏။ ထို့နောက်တွင် သူမအိပ်မက်ထဲရှိ  အရာများသည် လက်တွေ့တွင် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာ‌ေတာ့သည်။ တစ်ခါက စက်ရုံသွားရာလမ်းမှာ ဘိလပ်မြေထရပ်ကားနဲ့ တိုက်မိလုနီးပါးပင်။ ဒီအတိုင်းဆက်သွားရင် နောက်ဆက်တွဲဆိုးကျိုးတွေ တွေးလို့မကုန်နိုင်တော့...

သူမသည် ၎င်းကို သူ့ကိုယ်ပိုင်ဘဝဖြင့် မဖြည့်ချင်သောကြောင့် နတ်ဆိုးအား 'ယဇ်ပူဇော်ခြင်း' ပေးမည်ဟု ကတိပြုခဲ့သည်။ သူမသည် လိင်ဆက်ဆံပြီး ကိုယ်ဝန်ယူရန် ယင်ဓာတ်အများဆုံးနေ့ကို ရွေးချယ်ခဲ့၏။ သူမ ကိုယ်ဝန်ရှိစဉ်အတွင်း ကျီးကန်းသွေးကို နေ့တိုင်းသောက်ပြီး ယင်အဆီကို ဗိုက်ပေါ်လိမ်းကာ ယဇ်ပူဇော်ရန် စောင့်ဆိုင်းနေခဲ့သည်။ ယုိယွီမွေးပြီးချိန်တွင်လည်း အဆောင်မီးရှို့ထားသည့် ပြာများကို နို့နှင့်ရောကာ တိုက်ကျွေးခဲ့၏။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now