အပိုင်း(၈၂-၁)

564 88 6
                                    

လူတိုင်းက ကျန်းယွီ၏ အကြည့်အတိုင်း လမ်းဘေးကြော်ငြာဘုတ်ဆီသို့ လှည့်ကြည့်လိုက်ကြသော်လည်း မိုးရွာနေသည်ကလွဲ၍ ဘာမှမတွေ့ရပေ။

“ဘာဖြစ်သွားတာလဲ…”
ကျန်းယွီက မျက်မှောင်ကြုတ်ကာ ပြတင်းပေါက်မှ လှမ်းကြည့်ရင်း အနည်းငယ် စိတ်ရှုပ်နေပုံရ၏။

မျက်လုံးများက သူမကို စိုက်ကြည့်နေသလို ခံစားရသော်လည်း အပြင်က မီးခိုးရောင်ဖြစ်နေပြီး ကားပြတင်းပေါက်ကနေ စီးကျနေတဲ့ မိုးရေစက်တွေကိုပဲ မြင်နေရသည်။

ကားက လုံးဝတိတ်ဆိတ်သွားပြီး အသက်ရှုသံတွေပဲ ကြားနေရ၏။

SUV ကားက ထိုစိတ်ရှုပ်စရာကောင်းသည့် တိတ်ဆိတ်မှုဖြင့် နောက်ထပ် ငါးမိနစ်ခန့် မောင်းနှင်ခဲ့သည်။ ထို့နောက် ထိုပုံသဏ္ဌန်က ပြန်ပေါ်လာခဲ့၏။

ဤတစ်ကြိမ်တွင် ချူယဲ့ကျွင်းက အဝေးပြေးလမ်းမပေါ်တွင် ရပ်‌ေနကာ ကားရပ်ရန် လက်ဟန်ပြသလိုမျိုး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

နီးနီးကပ်ကပ် အကွာအဝေးကြောင့် လူတိုင်းက သူမ၏ ကြောက်လန့်ဖွယ် အခြေအနေကို နောက်ဆုံးတွင် တွေ့လိုက်ရ၏။ ချူယဲ့ကျွင်း၏ နဖူးတွင် အပေါက်ကြီးတစ်ခု ရှိနေပြီး သူမ၏ဦးခေါင်းခွံကို ချွန်ထက်သော လက်နက်ဖြင့် ထိုးဖောက်ခဲ့တာကြောင့် သေဆုံးခဲ့သည့်ပံုပင်။ သူ့မျက်နှာပေါ်မှာ သွေးတွေက အဖြူရောင် ဦးနှောက်အပိုင်းအစ‌တွေနဲ့ ရော‌ေနှာ‌ေန၏။  မိုး‌ေရက သူမအပေါ် တဖွဲဖွဲကျနေပြီး အနီရောင်အရည်များက သူမခြေ‌ေထာက်အောက်တွင် စုဝေးနေလေသည်။

ပေ့မော့သည် ဒရိုင်ဘာ၏အရှိန်က 40 သို့ ကျဆင်းသွားသည်ကို သတိပြုမိပြီး တုန်တုန်ယင်ယင်အသံဖြင့် အော်လိုက်၏။

"မ-မရပ်နဲ့!"

သူက တစ်ကိုယ်လုံး ထုံနေပြီး ကြောက်ရွံ့လွန်းသောကြောင့် အသံပြောင်းသွားသည်။ 

"မြန်မြန်သွား! မိုးရွာတဲ့နေ့မှာ ကားတားတဲ့ ဝိညာဉ်ကို ကားပေါ်တင်မိရင် အဲ့ဒီဝိညာဉ်က ခရီးသည်ရဲ့ ဝိညာဉ်ကိုပါ ခေါ်ဆောင်သွားတတ်တယ်ဆိုပြီး ငါကြားဖူးတယ်”

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now