အပိုင်း(၆၇)

871 173 6
                                    

ထန်ယွီက အမျိုးသမီး၏ လွန်ကဲသောတုံ့ပြန်မှုကြောင့် ထိတ်လန့်သွားပြီး ထိုနေရာတွင် ဘာလုပ်ရမှန်းမသိဘဲ ရပ်နေခဲ့သည်။ 
"တောင်းပန်ပါတယ်... ရှင် paradise ငါး‌ေတွကို မုန်းမှန်း မသိခဲ့ဘူး...မမေးဘဲ ဝယ်ခဲ့မိတယ်"

ချီနန်အပြစ်တစ်စုံတစ်ရာမှ လွတ်မြောက်စေရန် သူမက တာဝန်အားလုံးကို ယူခဲ့သည်။ ချီနန်က ပါးစပ်ဖွင့်ချင်သော်လည်း သူမက ခေါင်းအမြန်ခါလိုက်၏။

ဘယ်လိုပဲဖြစ်ဖြစ် ဇာတ်ကောင်ရဲ့ အခန်းကဏ္ဍအနေနဲ့ နှစ်သက်မှုမြှင့်တင်နိုင်ဖို့ သော့ချက်က ချီနန်နဲ့အတူ ရှိနေတယ်လေ။ သူမက သူမ၏အဖော်နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရ‌ပေမည်။

အိမ်အကူက အထူးဖုန်စုပ်စက်တစ်ခုကို အမြန်ထုတ်ကာ ကော်ဇောပေါ်ရှိ paradise ငါးများကို သန့်ရှင်းလိုက်သည်။

ထို့‌ေနာက် သူတို့အနားမှ ဖြတ်သွားသည့်အချိန်တွင် တိုးတိုးလေး သတိပေးလိုက်၏။
“မဒမ်က ဒီလို မျက်လုံးစိမ်း သတ္တဝါမျိုးကို မုန်းတယ်...အဲ့ဒါကို မှတ်ထားကြပါ"

ချီနန်၏ မျက်လုံးများ တွန့်သွားသည်။

မဒမ်က မောဟိုက်နေသော ရင်ဘတ်ကို ဖိထားပြီး ခဏကြာမှ ငြိမ်သက်သွား၏။ သူမက ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ထန်ယွီကို လက်ယမ်းပြလိုက်သည်။
“မင်းမရည်ရွယ်မှန်း ငါသိတယ်...ဒီနေရာကိုက ဒီလို နိမိတ်မကောင်းတဲ့ ငါးတွေကို လမ်းမတွေပေါ်မှာ ရောင်းနေကြတာ”

သရုပ်ဆောင်အတန်းစနစ်က မျက်လုံးစိမ်း paradise ငါးက ဇာတ်ကောင်နဲ့ သူ့ဆွေမျိုးကြားက ဆက်ဆံရေးကို မြှင့်တင်ဖို့ အရေးကြီးတဲ့ အရာတစ်ခုလို့ သူတို့ကို အသိပေးခဲ့‌ပေမယ့် အကျိုးသက်ရောက်မှုက ဘာလို့ဆန့်ကျင်ဘက်ဖြစ်နေရတာလဲ?

သူတို့များ လွဲသွားတာလား ဒါမှမဟုတ် စနစ်က ကျောင်းသားတွေကို လိမ်ခဲ့တာလား?

ချီနန် တွေးလိုက်မိသည်။ ဖြစ်နိုင်‌ေချ နှစ်ခုလုံးသည် အလွန်ဖြစ်နိုင်ချေရှိသည်ဟု သူခံစားရသော်လည်း ယခုအချိန်တွင် ပိုကောင်းသော ခန့်မှန်းချက်တစ်ခု မထုတ်နိုင်သေးပါ။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now