အပိုင်း(၇၈)

808 168 9
                                    

229 ၏ အမူအယာက အေးခဲသွားသည်။ ချီနန်က တစ်ဖက်လူကို ကြည့်လိုက်၏။ လူတွေရှေ့မှာ စိတ်ပျံ့လွင့်နေတဲ့ 229 ကို အခုမှ ပထမဆုံးအကြိမ် သူမြင်ဖူးတာပဲ...မဟုတ်ဘူး ယိုယွီလို့‌ေြပာရမယ်...

ချီနန်က ကိတ်မုန့်ကို ကိုင်ထားပြီး စကားဆက်မပြောဘဲ သူ့ခံစားချက်တွေကို ချေဖျက်ဖို့ အချိန်ပေးလိုက်သည်။

ယိုယွီက ကိတ်မုန့်ပန်းကန်ကို ယူလိုက်ပြီး ခရင်မ်ကို ဇွန်းနဲ့ တိတ်တဆိတ် မခြစ်ထုတ်လိုက်ခင် အချိန်တော်တော်ကြာသွား၏။ ကိတ်သားပေါ်လာမှ ကိတ်မုန့်ကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ချီနန်က မသင့်‌ေလျာ်စွာ တံ‌ေတွးမြိုချလိုက်၏။

“မင်းခရင်မ် မကြိုက်ဘူးလား?”

ယိုယွီ၏လက်ထဲမှ ဇွန်းက ရပ်တန့်သွားသည်။ 
“အဆီများလို့”

ယိုယွီက ကိတ်မုန့်စားပြီးတာနဲ့ ခရင်မ်‌ေတွကို စက္ကူပန်းကန်နဲ့အတူ သူ့ဘေးက အမှိုက်ပုံးထဲသို့ ပစ်ချလိုက်သည်။

ထိုအချိန်မှ သူသည် နောက်ကျနေသော စနစ်သတိပေးချက်ကို လက်ခံရရှိလိုက်၏။

[အိပ်မက်ဖန်တီးသူ 229၊ အိပ်မက်လည်ပတ်သူ ချီနန်၏ မွေးနေ့ကံစမ်းမဲမေးခွန်းကို သင်ပယ်ချခဲ့သော်လည်း အဆင့်မြင့်အာဏာပိုင်စနစ်စီမံခန့်ခွဲသူက မေးခွန်းကို ပြန်လည်သုံးသပ်သွားကြောင်း အသိပေးလိုက်ပါသည်။ သင့်ရဲ့ငြင်းဆိုချက်က အသုံးမဝင်ပါ။]

ယိုယွီက မျက်မှောင်ကြုတ်လိုက်သည်။ 
[အဆင့်မြင့်အာဏာပိုင် စနစ်စီမံခန့်ခွဲသူက ဘယ်သူလဲ?]

[တောင်းပန်ပါတယ်။ စနစ်မှာ ပြောစရာမရှိပါဘူး။]

စနစ်က သူ့ကို အေးစက်စွာ ငြင်းပယ်ပြီး ပျောက်ကွယ်သွားခဲ့သည်။

ယိုယွီက အိပ်မက်ဆိုးကမ္ဘာတွင် 11 နှစ်ကြာအလုပ်လုပ်ခဲ့ပြီး ဤကဲ့သို့အခြေအနေမျိုး တစ်ခါမှမရှိခဲ့ဖူးပေ။ အိပ်မက်ဖန်တီးသူတစ်ယောက်အနေနဲ့ သူ့မှာ လုံလောက်တဲ့ အခွင့်အာဏာနဲ့ လွတ်လပ်မှု အမြဲရှိသည်။ အိပ်မက်ဖန်တီးသူတွေက အကုန်လုံး တန်းတူညီတူဖြစ်ပြီး တစ်ယောက်ချင်းစီက ကိုယ့်အိပ်မက်အတွက်ပဲ တာဝန်ရှိကြကာ တစ်ယောက်နဲ့တစ်ယောက် အနှောင့်အယှက်မပေးဖူးပေမယ့် ဒီတစ်ခါတော့...

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now