အပိုင်း(၃၀-၁)

1.4K 300 10
                                    

"အခု... ငါတို့ ဘာလုပ်ရမှာလဲ?"

“စောင့်”  ရင်ဘတ်ကြီးကြီး အမျိုးသမီးသည် စီးကရက်ကို ကိုက်ကာ လက်ရန်းပေါ် လက်တင်ရင်း ငြိမ်သက်နေသော ပင်လယ်ကို ကြည့်လိုက်သည်။

ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေပြီး မှောင်မဲနေကာ သူမပါးစပ်ထဲတွင် ကိုင်ထားသော စီးကရက်သည် တစ်ခုတည်းသော အလင်းရောင်ဖြစ်လာ၏။

လူသားများသည် အလင်းရောင်ကို အမြဲတောင့်တကြသည်။ ထိုအချိန်တွင် ကျန်လူအနည်းစုသည် သင်္ဘော၏ ပတ်လည်တွင် စုရုံးနေကြသည်။ သူတို့သည် တစ်စုံတစ်ခုကို မှီထားပြီး သို့မဟုတ် မတ်တတ်ရပ်‌ေနကြပြီး တိတ်ဆိတ်‌ေနကြကာ စကားမပြောကြပေ။

၎င်းတို့ကနောက်ဆုံး သေခြင်းတရားကို စောင့်မျှော်နေကြသည်ပင်။

အမျိုးသမီးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီး သူမလက်ထဲရှိ စီးကရက်ဘူးကို သူ့ဘေးမှ ယဲ့ချန်အား ပေးလိုက်သည်။ 
"တစ်​ခုလိုချင်​လား?"

“ဟင့်အင်း ကျွန်တော်က အရွယ်မရောက်သေးဘူး။  ကျေးဇူးတင်ပါတယ်" 
ယဲ့ချန်က ယဉ်ကျေးစွာ ငြင်းလိုက်သည်။ သူသည် ဆေးလိပ်မသောက်သော တကယ့်ကျောင်းသားကောင်းတစ်ယောက်လိုပင်။

ကပ္ပတိန်ကို သူချလိုက်တာက လမ်း‌ေပါ်ကလူရမ်းကားတွေထက် ပိုဆိုးပေမယ့်လည်းပေါ့…

စီးကရက်ဘူးကို ကိုင်ထားသည့် အမျိုးသမီးက ရပ်သွားသည်။ ခဏအကြာတွင် သူမသည် ကျောခိုင်းကာ ပြုံးလိုက်၏။ 
“ဒီမှာ မင်းကို သွန်သင်ဆုံးမဖို့ မင်းမိဘတွေလည်း မရှိဘူး။ ငါတို့က သေရ‌တော့မှာ။ ဘာလို့ ဒီအရာတွေကို စိတ်ပူ‌ေနရမှာလဲ?"

သူတို့ကို စောင့်မျှော်နေသော နောက်အခိုက်အတန့်မှာ သေခြင်းတရားသာ ဖြစ်နိုင်သည်။ ထိတွေ့လို့မရနိုင်သည့် အရာတစ်ခုမှ မရှိပါ‌ေချ။

ယဲ့ချန်က ညင်သာစွာ ပြုံးလိုက်သည်။ 
"ကျွန်တော့်အခန်းဖော်အပေါ် ဆိုးတဲ့အထင်အမြင်တွေ မထားခဲ့ချင်ဘူး"

ထို့နောက်သူသည်လည်း အမျိုးသမီးကဲ့သို့ အဝေးက ပင်လယ်ကို လှမ်းကြည့်လိုက်၏။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now