အပိုင်း(၆၃)

855 195 0
                                    

ချီနန်၏ မျက်တောင်များသည် နှင်း၏အလင်း‌ေရာင်‌ေအာက်တွင် တုန်ယင်သွား၏။ 
"စိတ်မဝင်စားဘူး"

"ဘာလို့လဲ?" 
ဆရာဝန်က ပိုစိတ်ဝင်စားသွားသည်။

“အပြင်မှာက ပျင်းဖို့‌ေကာင်းတယ်။ ငါကဒီနေရာကိုပဲ ပိုကြိုက်တာ”
အမှန်အတိုင်းပြောရလှျင် ချီနန်က တကယ့်ကမ္ဘာကြီးမှာ နေရတာထက် အိပ်မက်ဆိုးကမ္ဘာမှာ နေရတာကို ပိုနှစ်သက်၏။

'ကျီမြို့ပဲဖြစ်ဖြစ်၊ အိပ်မက်ဆိုးတွေပဲဖြစ်ဖြစ် အရေးမကြီးဘူး။ သူ့အသက်ကိုလည်း ရံဖန်ရံခါ စွန့်စားရနိုင်ပေမယ့် သူ့ရဲ့စိတ်ခံစားမှုတွေကနေ ထွက်ပေါ်လာတဲ့ အရာတစ်ခုကို သူတဖြည်းဖြည်းနဲ့ ခံစားလို့ရလာနိုင်တယ်‌ေလ'

ဆောင်းခိုနေသော အရာတစ်ခုသည် မြေပြင်မှ ထွက်‌ေပါ်လာတော့မလို စိတ်ခံစားမှုဟုခေါ်သော အရာက သူ့ခန္ဓာကိုယ်အတွင်း စီးဆင်းသွားခဲ့သည်။

ဆရာဝန်က သူ့အဖြေကြောင့် အနည်းငယ် အံ့ဩသွားပုံရသည်။ သူတခဏတာ တုံ့ဆိုင်းသွားပြီးမှ ပြုံးလိုက်၏။ 
"တိုက်ဆိုင်လိုက်တာ။ ကျွန်တော်ရောပဲ"

“… တကယ့်ကမ္ဘာထက် ဒီနေရာကို ပိုကြိုက်တာ ကျွန်တော်ကလွဲလို့ ဘယ်သူမှ မရှိဘူး ထင်ခဲ့တာ”
သူက အသံကို လျှော့လိုက်ပြီး သူ့ကိုယ်သူလားဒါမှမဟုတ် ချီနန့်ကို ပြောနေတာလားဆိုတာ ပြောဖို့ခက်လှသည်။

229 ၏လေးနက်မှုမှာ ခဏတာမျှသာဖြစ်ပြီး မကြာမီမှာပဲ သူ၏မူလ ခနဲ့တဲ့တဲ့လေသံသို့ ပြန်‌ေရာက်သွား၏။
"အစ်ကိုနန်၊ ကျွန်တော်တို့က တော်တော်လေး တူနေသလိုပဲနော်"

ချီနန် : "……"

“ဘယ်လိုပံုစံနဲ့မဆို‌ေလ”
ဆရာဝန်က ပြုံးပြီး ထိုစကားကို အလေးပေး‌ေပြာကြားလိုက်သည်။

***

ချီနန်က သူ့နှိုးစက်နာရီကို နှိပ်လိုက်သည်။ မျက်လုံးဖွင့်ဖွင့်ခြင်း သူပထမဆုံးလုပ်သောအရာမှာ အခြားကုတင်ကို ကြည့်လိုက်ခြင်းပင်။

သူနှိုးစက်သံကြားတော့ ဆရာဝန်က ထွက်သွားနှင့်‌ေလပြီ။ အိပ်ယာခင်းကို တမင် သပ်သပ်ရပ်ရပ် ခင်းထားပြီး စောင်ကို သပ်သပ်ရပ်ရပ် ခေါက်ထားသည်မှာ မနေ့ညက ဘယ်သူမှ မအိပ်သွားသလိုပင်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now