အပိုင်း(၅၆)

949 215 4
                                    

ချီနန်က အဖြစ်မှန်ကို အေးအေးဆေးဆေး လက်ခံလိုက်သည်။ 
“အသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ထန်ယွီက စိုးရိမ်လွန်း၍ လက်သည်းတွေကို ကိုက်‌ေနပြီး ဘာလုပ်ရမလဲဆိုတာ ဆက်မေး‌ေန၏။ နောက်ဆုံးတော့ သူမက လက်ကို သန့်စင်ဆေးကြောပြီး မျက်ကပ်မှန်ကို မျက်မှန်နှင့် ပြောင်းတပ်လိုက်သည်။
“ဒါက ငါ့မျက်လုံးရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းနိုင်တယ်။  မျက်ကပ်မှန်တပ်ထားရင် တစ်ညလုံး ခံနိုင်မှာမဟုတ်ဘူး”

ဒါဟာ သူတွေးနိုင်သည့် အယုံကြည်ရဆုံးနည်းလမ်းဖြစ်သည်။

ထန်ယွီကို ပန်းအဖြူပေးခဲ့သည့် လူခုနစ်ယောက်မှာ ခံစားချက်တွေ ရောထွေးနေကြ၏။ သူတို့၏ သနားမှုနှင့် ကိုယ်ချင်းစာမှုတို့ကြားတွင် ၎င်းတို့၏ ပေါ့ပေါ့ဆဆ လောင်းကစားကြောင့် အံ့အားသင့်နေကြသည်။

အဆောင်နှစ်ခုက စင်္ကြံအဆုံးမှာ ဘေးချင်းကပ်လျက်တည်ရှိ‌ေန၏။ နောက်ဆုံးကအခန်းမှာ ချီနန် နေ့စဉ် လာလည်သော ကျောင်းဆရာဝန်ရုံးခန်းဖြစ်သည်။

အခန်းထဲမဝင်ခင် ထန်ယွီက ချီနန်ကို လှည့်ကြည့်လိုက်၏။ 
“ငါတို့နှစ်ယောက်လုံး တစ်ခုခုကြုံရင် တစ်ဖက်လူကို အကူအညီတောင်းဖို့ နည်းလမ်းရှာနိုင်တယ်။  အဆောင်တွေ ပြောင်းခွင့်မပြုဘူးလို့ ဆရာမက ပြောပေမယ့် သူများတံခါးဆီ မသွားနိုင်ဘူးလို့‌ေတာ့ မပြောထားဘူး…”

ထန်ယွီက သူ့ကိုယ်သူ နှစ်သိမ့်နေခြင်းသာဖြစ်သည်။  အန္တရာယ်ဖြစ်ပြီးနောက် အကူအညီတောင်းရန် အခွင့်အရေးရှိမရှိကို မည်သူမှ သိနိုင်မည်မဟုတ်ပေ။

ချီနန်က ခေါင်းညိတ်လိုက်သည်။ 
“အခြေအနေထူးရင် နံရံကို ခေါက်လိုက်ပါ။ ငါကြားနိုင်တယ်"

"ဟင်?" 
ထန်ယွီက အံ့အားသင့်သွားသည်။

“အရင်က စမ်းကြည့်ဖူးတယ်”
ချီနန်က အခိုင်အမာပြော၏။

သူမနေ့ညက 229 နဲ့ စမ်းကြည့်ခဲ့ပြီးပြီ။ နံရံတွေရဲ့ အသံမလံုတာက တော်တော်‌ေလးဆိုးရွားတယ်။

သူ၏ မျက်နှာသေဖြစ်လောက်တဲ့အထိ တည်ငြိမ်မှုကို မြင်ရသောအခါ ထန်ယွီက သူမ၏ တုန်လှုပ်ချောက်ချားမှုသည် စိတ်ရှုပ်စရာဖြစ်နေကြောင်း ခံစားလိုက်ရပြီး သူမ၏ စိတ်ကို အနည်းငယ် ဖြေလျှော့လိုက်သည်။ 
"ပြဿနာမရှိပါဘူး"

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now