အပိုင်း(၂၆)

1.5K 322 19
                                    

သရဲတစ္ဆေများသည် ခွင့်ပြုချက်ရရှိပြီး၍ ထပ်မံနီးကပ်လာပြန်သည်။

ထိုအချိန်တွင် ချီနန်တစ်ယောက် ကုတင်ပေါ်တွင် အသက်ရှူသံပြင်းပြင်းဖြင့် အိပ်ပျော်နေပြီး ကျန်ရစ်နေခဲ့သည်။ သူ့ပါးပြင်များသည် ဖိထား၍ သူနိုး‌ေနချိန်ထက်ပင် အရောင်ပိုလှ‌နေ၏။

တစ္ဆေသရ‌ဲများနှင့် အလောင်းများ အများအပြား ချဉ်းကပ်လာသည်နှင့်အမျှ ချီနန်သည် အအေးဒဏ်‌ေကြာင့် သူ့ခေါင်းကို စောင်အောက်တွင် နှစ်မြှုပ်လိုက်သည်။

အဆိုးရွားဆုံး ပျက်စီးနေသော အလောင်းများထဲမှ တစ်ခုမှာ ကုတင်ပေါ်သို့ တက်လာခဲ့သည်။ ထိုအရာသက်ရှိထင်ရှားရှိစဉ်က အဆိပ်အတောက်ဖြစ်စေသော အရည်များတွင် စိမ်ထားခံခဲ့ရပုံပင်။ ၎င်း၏အရေပြားက လုံးဝယိုယွင်းနေပြီး အရိုးနဲ့ ကြွက်သားတွေတောင် ပေါ်‌ေနပြီဖြစ်၏။ အထင်ရှားဆုံးမှာ ပါးပြင်များဖြစ်ပြီး လုံးဝပုပ်ပွ‌နေကာ နောက်ဘက်သွားများနှင့် ပါးရိုးများမှ ကြွက်သားများလည်း အရည်ပျော်‌ေန၍ အရိုးနှင့်သွားများကို ထင်ထင်ရှားရှားမြင်နေရသည်။

သွေးရည်များနှင့် ရောစပ်‌ေနသော အဆိပ်အတောက်အရည်များသည် ၎င်း၏ခန္ဓာကိုယ်မှ စိမ့်ထွက်‌ေနကာ သူရွှေ့တိုင်း စေးကပ်သောအရာများ ကျကျန်ခဲ့လေသည်...

မူလက အေးအေးဆေးဆေး ရပ်ကြည့်နေသည့် ယဲ့ချန်သည် ၎င်းကိုမြင်သော် မျက်မှောင်ကြုတ်ကာ အေးစက်သောလေသံဖြင့် ပြောလိုက်၏။
“မင်းဆင်းသွားတော့။ တခြားတစ်ယောက်နဲ့လဲလိုက်"

နောက်ဆုံးမှာတော့ သူ့မူလခန္ဓာကိုယ်ကို ဒီလိုညစ်ပတ်တဲ့အရာမျိုးကြောင့် ညစ်ညမ်းမသွားစေချင်ဘူးလေ။

ယိုယွင်းပျက်စီးနေသော သရဲ, "……?"

ယဲ့ချန်၏ စိတ်မရှည်သောအသံက ထပ်မံထွက်ပေါ်လာသည်။ 
"ဆင်း!"

ပျက်စီးနေသော သရဲသည် ချက်ချင်း တွားသွားလိုက်ပြီး ချီနန်၏ အိပ်ရာပေါ်မှ ပြုတ်ကျသွားသည်။ မထင်မှတ်ဘဲ သူ့ကိုယ်သူ အပိုင်းပိုင်းကျိုးသွားစေပြီး မြေပြင်တစ်ခုလုံး ပြန့်ကျဲသွား၏။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now