အပိုင်း(၂၈-၂)

1.4K 314 7
                                    

ယဲ့ချန်သည် သူ၏ သိချင်စိတ်ကို ခေတ္တဖယ်ထုတ်ထားရံုသာ တတ်နိုင်ခဲ့ပြီး တိတ်ဆိတ်သွားခဲ့သည်။

"တကယ်လို့ မင်းသာဆိုရင် လူတွေကို မမြင်‌ေစချင်ပေမယ့် ဖျက်ဆီးလို့မရနိုင်တဲ့ အရာတွေကို ဘယ်မှာ ဖွက်ထားမှာလဲ?"

ချီနန်က ယဲ့ချန်ကို ရုတ်တရက် မေးလိုက်သည်။ သူသည် သာမာန်လူသားမဟုတ်၍ အခြားသူများ၏ရွေးချယ်မှုအပေါ် မူတည်၍သာ ဆုံးဖြတ်နိုင်ခဲ့သည်။ သူ့အခန်းဖော်က သာမန်လူမဟုတ်ပေမယ့်လည်းပေါ့...

ယဲ့ချန်က ဒီအကြောင်းကို ခဏလောက်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"ကိုယ့်အနားမှာပဲထားမှာ"

“အိုး” 
ချီနန်က အကြံပြုလိုက်၏။
"ကပ္ပတိန်နဲ့ စကားပြောဖို့ သင်္ဘောကုန်းပတ်‌ေပါ်ကို သွားရမလား?"

"အရင်ဆုံး ကိရိယာတန်ဆာပလာ‌ေတွ ထားတဲ့အခန်းထဲသွားရအောင်" 
ယဲ့ချန်က အန္တရာယ်ကင်းစွာ ပြုံးပြီး သူ့မျက်ခုံးတွေကို လှပစွာ ကွေးညွတ်လိုက်‌ေလသည်။
"ကျွန်တော်တို့ ပြင်ဆင်မှုတချို့လုပ်သင့်တယ်"

မိနစ် 20 ကြာပြီးနောက် လူနှစ်ယောက်သည် ကြိုးတစ်ချောင်း၊ ကော်နှင့် ပုဆိန်တစ်ချောင်းကို သယ်ကာကိရိယာတန်ဆာပလာထားခန်းထဲမှ ထွက်လာကြသည်...။

အုပ်စုက အံ့အားသင့်သွားကြ၏။ 
"မင်းတို့ဘာလုပ်မလို့လဲ…?"

ချီနန်က အမျိုးသမီး၏ မေးခွန်းကို ကျောင်းသားတစ်‌ေယာက်လို ပြန်ဖြေလိုက်သည်။
"အထူးအခြေအနေမျိုးမှာ NPCကို နှိပ်စက်ညှှင်းပန်းပြီး ဝန်ခံအောင်လုပ်တာ ဒါမှမဟုတ် NPC ရဲ့ အရေးကြီးတဲ့အရာကို ခွင့်ပြုချက်မရှိဘဲ ခိုးယူတာက တရားမ၀င်ဘူးလား?"

ရင်ဘတ်ကြီးကြီး အမျိုးသမီးက လူတိုင်း မကြားရမည်စိုး၍ ခပ်ကျယ်ကျယ်ပြောလိုက်သည်။
“ပြောရတော့ခက်တယ်! ဒီလိုလုပ်ဖူးတဲ့ အိပ်မက်လည်ပတ်သူနဲ့ ငါတစ်ခါမှ မကြုံဖူးဘူး!"

ဟေးချက သူ့နဖူးကို ကိုင်လိုက်ပြန်သည်။ 
"မင်းရဲ့ နှစ်သက်မှုတန်ဖိုးက အနှုတ်ပြနေပြီ... မင်းဘာလုပ်အံုးမလို့လဲ?"

“အိပ်မက်ဆိုးကမ္ဘာရဲ့ အကျဉ်းထောင်ကို မြင်ချင်လား?”
ချီနန်က ကြိုးကိုလိမ်ရင်း မျက်နှာ‌ေသဖြင့် ဟာသပြောလာသည်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now