အပိုင်း(၃၉)

1.1K 260 5
                                    

တခဏအတွင်းမှာပင် အားလုံးက ယဲ့ချန်ဆီသို့ အကြည့်များ ပို့လာကြသည်။

ဖယောင်းတိုင်မီးများဖြင့် လင်းထိန်နေသော ကြမ်းပြင်တွင် ယဲ့ချန်၏အရိပ်က မရှိပေ။

"မင်းရဲ့အရိပ်က ဘယ်မှာလဲ? မင်းကလူသားလား?" 
ဝူရင်းက မေးခွန်းထုတ်သည်။

အိပ်မက်ဆိုးကမ္ဘာတွင် သရဲတစ္ဆေများနှင့် ဖော်ပြ၍မရသော မကောင်းဆိုးဝါးများသာ အရိပ်မရှိသည်ကို လူတိုင်းသိကြသည်။

"မင်းဒီကိုဘာလာလုပ်တာလဲ?"

ရုတ်​တရက်​ပင်​ အားလုံးက ယဲ့ချန်ကို သံသယနှင့်​ ထိတ်​လန့်​နေသည့်​ မျက်​လုံးများဖြင့်​ ကြည့်​လာကြသည်​။ ချီနန်မှလွဲ၍ လူအားလုံး ယဲ့ချန်နားမှ လျင်မြန်စွာ ပြန့်ကျဲ ဆုတ်ခွာသွားကြ၏။

ယဲ့ချန်သည် သူ့အဖော်များက သူ့အား ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ခဲ့သော်လည်း လုံးဝ စိတ်မရှုပ်ခဲ့ပေ။ သူသည် ချီနန်ကို အနည်းငယ် အပြစ်ကင်းသော အမူအရာဖြင့်ပင် ကြည့်နေ၏။ 
"မနေ့ညက ဖယောင်းတိုင်မီး‌ေရာင်‌ေအာက် ရောက်သွားလို့များလား? ကျွန်တော့်အရိပ်က ခွဲထွက်သွားပြီး သူ့ဘာသာသူ ထွက်ပြေးသွားတာထင်တယ်?"

ဝူရင်းက မယုံဘူးဆိုတာ ရှင်းပါသည်။ အတည်ပြုရန်အတွက် သူမသည် ကြမ်းပြင်ကို တမင်တကာ ကြည့်လိုက်သေး၏။ 
"လူတွေကို လိမ်ဖို့မကြိုးစားနဲ့!"

သူမက မြေပြင်ပေါ်ရှိ ချီနန်၏ ကြည်လင်သောအရိပ်ကို ညွှန်ပြပြီး အေးစက်စွာပြောသည်။
"မင်းတို့နှစ်ယောက်က တစ်ခန်းတည်းနေပြီး သူလည်းမင်းလို ဖယောင်းတိုင်မီး‌ေရာင်‌ေအာက် ‌ေရာက်ခဲ့တာပဲ‌ေလ။ သူ့အရိပ်က ဘာလို့ မပျောက်သွားတာလဲ? ဒါကို မင်းဘယ်လိုရှင်းပြမှာလဲ?"

ယဲ့ချန်က တန့်သွားပြီးမှ ချီနန်အား အားကိုးရာမဲ့ပြီး အနည်းငယ် နောက်ပြောင်သည့်လေသံဖြင့် မေးလာသည်။
"အစ်ကိုနန်၊ ကျွန်တော် မြစ်ဝါမြစ်ထဲ ခုန်ချရင်တောင် ကျွန်တော့်ကိုယ်ကျွန်တော် သန့်ရှင်းအောင် မဆေး‌ေကြာနိုင်တော့ဘူးလား?"

ချီနန်က ခေါင်းငုံ့ကာ ယဲ့ချန်၏ခြေရင်းမှ မြေပြင်ကို ကြည့်လိုက်သည်။ ထို့နောက် သူကတွေးတောရင်း ပြောလိုက်၏။
“မနေ့ညက မင်းဖယောင်းတိုင်မီးကို ငြိမ်းလိုက်တယ်”

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now