အပိုင်း(၂၉)

1.4K 316 3
                                    

ပန်းချီကား၏ပုံစံသည် မရဏပန်းချီပြပွဲခန်းမရှိ သွေးထွက်သံယို ကြောက်မက်ဖွယ်ရာ ပန်းချီကားများနှင့် ကွဲပြားသည်။

ပန်းချီကားပေါ်တွင် သွေးမရှိဘဲ အဆုံးမရှိ အမှောင်ထုထဲသို့ ကျရောက်နေသော နက်ပြာရောင်သာရှိသည်။  နက်ပြာရောင်၏ အလယ်ဗဟိုတွင် နှစ်ပိုင်းပြတ်နေသောသင်္ဘောနှင့် အပျက်အစီးများ ရှိနေ၏။

ပင်လယ်ရေမှော်များသည် ကွဲအက်နေသော သင်္ဘောရွက်ထည်များကြားတွင် ပျံ့နှံ့နေပြီး 'ဆည်းဆာ' ဟူသော ဆိုင်းဘုတ်ကို သင်္ဘောနံဘေးတွင် ခပ်ပါးပါးလေးသာ မြင်နေရသည်။ ၎င်းသည် ပင်လယ်ကြမ်းပြင်၌ ထာဝစဉ် ကျောက်ချ‌ထားပြီး အထီးကျန်နေသည့်ပုံပင်...

"ဒါဆို...ဆည်းဆာသင်္ဘောက သင်္ဘောပျက်တာ ကြုံဖူးတာလား?" 
ဆံပင်နီနီလူငယ်က ရေရွတ်လိုက်သည်။ ကြောက်ရွံ့မှုကြောင့် သူ့အသံက တိုးလျနေ၏။

မည်သူမျှ သူ့မေးခွန်းကို တိတိကျကျ မဖြေနိုင်ကြပေ။  ထိုမေးခွန်းကို ဖြေစရာမလိုဟုတောင် ဆိုရ‌ပေမည်။

ဖြစ်ရပ်မှန်တွေက သူတို့ရှေ့က ပန်းချီကားထဲမှာ ရှိနေပြီပဲလေ။

"ကြည့်လိုက်၊ ပန်းချီနောက်ကွယ်မှာ စာကြောင်းတွေရှိတယ်"

ရင်ဘတ်ကြီးကြီး အမျိုးသမီးသည် ပေါ့ပါးစွာဖြင့် အနီးသို့ ရွေ့သွားပြီး ချက်ချင်းပင် အုပ်စုကလည်း စုဝေးလာကြသည်။ ယဲ့ချန်သည် ချီနန်၏ နံဘေးကို မကြာခဏ ပိတ်ဆို့ကာ အခြားသူများ သူ့ခန္ဓာကိုယ်ကို မထိမိအောင် တားဆီးထားသည်။

“ချစ်ခင်ရပါသော ဧည့်သည်တော်တို့၊ အခုမင်းတို့အတွက် ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ ငရဲကို ကြိုဆိုသလိုမျိုး ပင်လယ်ပြင်မှာ မုန်တိုင်းကို စောင့်ပါ ဒါမှမဟုတ် မင်းတို့အတွက် ငါပြင်ဆင်ထားတဲ့ အိပ်မက်ထဲမှာပဲ ထာဝစဉ်အိပ်စက်ပါ"

အမျိုးသမီးသည် ပန်းချီကား၏နောက်ဘက်ရှိ စကားလုံးများကို ပေါ့ပေါ့ပါးပါးဖတ်‌ေနရင်း သူမ၏အသံက တဖြည်းဖြည်း လေးနက်လာသည်။
"ဒါငါတို့ကို ဆုံးဖြတ်ချက်ချခိုင်း‌ေနတာပဲ"

"ဒါဘာကိုဆိုလိုတာလဲ?"

“သင်္ဘောပျက်လို့ သေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်တော့မှ မနိုးဘဲ ဆည်းဆာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတာပဲဖြစ်ဖြစ် အသိသာကြီးပဲ" 
စီးကရက်ကို စိတ်တိုတိုနဲ့ မီးညှိရင်း အမျိုးသမီး၏ အသံက အားကိုးရာမဲ့နေခဲ့၏။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now