အပိုင်း(၃၅-၂)

1.2K 269 3
                                    

​နောက်​တစ်​​နေ့တွင်​ လူတိုင်း ကန်တင်း၌ မနက်​စာစား​ရန် စုဝေးနေကြသည်​။ မနက် 8:30 နီးပါးအထိ စောင့်ခဲ့ကြသော်လည်း ပိုင်ချွမ်းနှင့် ကုရှောင်းက ပေါ်မလာ‌ေသးပေ။

"ဘာတွေဖြစ်နေတာလဲ? ဒီကလေးနှစ်ယောက် အအိပ်လွန်‌‌ေနတာလား?” 
ကလေးအမေက ကန်တင်း၏ လွတ်နေတဲ့ တံခါးကို လှမ်းကြည့်ရင်း မေးလိုက်သည်။
“သူတို့ကို သွားခေါ်ချင်လား? 9 နာရီမှာ roll call ခေါ်မှာမလို့ နောက်ကျလို့ မရဘူးလို့ အမျိုးသမီး အလုပ်သမားက ပြောထားတယ်"

အချိန်တွေ တစ်မိနစ်ပြီးတစ်မိနစ် ကုန်သွားသော်လည်း လူနှစ်ယောက်ကတော့ ပေါ်မလာပေ။ ဝါရင့် အိပ်မက်လည်ပတ်သူများ၏ အမူအရာများမှာ ဆိုးရွားနေခဲ့ပြီဖြစ်သည်။

"ကောင်းပြီ။ သူတို့အခန်းကိုသွားကြည့်ရအောင်" 
လူအိုကြီးယွီသည် သူ့ပန်းကန်လုံးထဲရှိ ယာဂုအားလုံးကို သောက်ပြီး ပန်းကန်လုံးကို ချလိုက်သည်။

နံနက် 8:30 တွင် အဖွဲ့သည် အဆောင်သို့ ပြန်လာပြီး ကုရှောင်းနှင့် ပိုင်ချွမ်းနေထိုင်သည့် အခန်း 107 သို့ ချဉ်းကပ်လာကြသည်။

အခန်း 107 ၏ တံခါးမှာ ပိတ်‌ေနပြီး အလွန်တိတ်ဆိတ်နေ၏။

လူအိုကြီးယွီက တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။ 
"ကုရှောင်း၊ ပိုင်ချွမ်း မင်းတို့အထဲမှာရှိလား?"

မျှော်လင့်ထားသည့်အတိုင်း မည်သူမျှ တုံ့ပြန်ခြင်း မရှိပေ။

လူအိုကြီးယွီက တံခါးခေါက်လိုက်ပြန်သည်။ 
"ဘယ်သူမှ မဖြေရင် ငါတို့ ဝင်လာမယ်နော်"

သူပြောပြီးသည်နှင့် တံခါးကို မသိမသာ တွန်းဖွင့်လိုက်၏။

အိပ်မက်လည်ပတ်သူအုပ်စုသည် အခန်းတွင်းရှိ အခြေအနေကို မြင်ပြီး အံ့အားသင့်နေ၍ အသံမထွက်နိုင်တော့ချေ။

အခန်းထဲတွင် အသက်ရှင်နေသူများ သို့မဟုတ် သွေးထွက်သံယိုနှင့် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းများ မရှိခဲ့ပါ။ အရာအားလုံးက ပုံမှန်အတိုင်းပင်။ အိပ်ယာခင်းများ တွန့်နေသည်က လူတွေ အိပ်ခဲ့သည်ကို သိသာထင်ရှားစွာ ပြသနေ၏။ သူတို့၏ ဖုန်းများကို ကုတင်ဘေးက အားသွင်းကြိုးမှာ ပလပ်ထိုးထားပြီး ရေနွေးအိုးက မတော်တဆ ပြုတ်ကျ၍ မြေပြင်ပေါ် လှိမ့်သွားပုံရသည်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now