အပိုင်း(၂၂)

1.5K 322 4
                                    

အံ့ဩစရာမကောင်းစွာပင် ချီနန်သည် နောက်နေ့အထိ အိပ်ပျော်သွားခဲ့ပြီး စင်္ကြံရှိ အမျိုးသမီးများ၏ အဆက်မပြတ်အော်သံများနှင့် ခြေသံများကြားမှ လန့်နိုးလာခဲ့သည်။

အချိန်ကို ကြည့်လိုက်တော့ နံနက် ၈ နာရီ ၁၀ မိနစ်။

ယဲ့ချန်က ကုတင်ပေါ်တွင် ထထိုင်လိုက်သည်။ သူလည်း အိပ်ယာနိုးနိုးချင်းဖြစ်ပေမယ့် သူ့မျက်မှန်ကို ကောင်းကောင်း ၀တ်ဆင်လိုက်၏။ 
"အပြင်မှာ မတော်တဆမှုတစ်ခု ဖြစ်ပုံရတယ်"

သူ ချီနန်ကို ကြည့်လိုက်သော် တစ်ချိန်တည်းမှာပင် ၀၃၀၃ တံခါးက တဒုန်းဒုန်းမြည်လာခဲ့သည်။

ထိုသို့အလောတကြီး တံခါးခေါက်သံမျိုးက ဟေးချမှဟေးချအစစ်ပင်။

"ချီနန်! ယဲ့ချန်! မင်းတို့နှစ်ယောက် အဆင်ပြေရဲ့လား?"

"ငါတို့အဆင်‌ေပြတယ်!" 
ချီနန်သည် သူ့ကိုယ်သူ စောင်ထဲတွင် မြှုပ်ထားပြီး ထထိုင်လိုက်ချိန်တွင် ယဲ့ချန်က အိပ်ယာမှထကာ ဟေးချအတွက် တံခါးဖွင့်ပေးလိုက်သည်။

"မနေ့ညက ဘာဖြစ်လို့လဲ?" 
ယဲ့ချန်က တံခါးကိုဖွင့်ပြီး ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

ဟေးချ၏မျက်လုံးအောက်တွင် အညိုရောင်အကွင်းများရှိနေပြီး သူကောင်းကောင်းအိပ်မပျော်ပုံရသည်။ သူက ခက်ခက်ခဲခဲ တံတွေးမျိုချရင်း ပြောလိုက်၏။
“လူသစ်တစ်ယောက် သေပြီ”

"ဘယ်သူလဲ?" 
ချီနန် နိုးလာသော်လည်း သူ့မျက်လုံးထဲရှိ အိပ်ငိုက်ခြင်းမှာ ပျောက်ကွယ်မသွားပေ။

အနှိုးခံရခြင်းကြောင့် စိတ်​အခြေအနေမ​ကောင်းဖြစ်​​နေ​၍ သူ့အသံက ပုံမှန်​ထက်​ပိုပြီး ​အေးစက်နေ၏။

ဟေးချက လေးနက်သောအသံဖြင့် ပြန်ပြောလိုက်သည်။
“ဖြောင့်စင်းတဲ့အနက်ရောင်ဆံပင်ရှည်တွေရှိတဲ့ အမြွာသုံး‌ေယာက်ထဲကတစ်ယောက်ပဲ”

သူတို့နှစ်ယောက် ဆေး‌ေကြာဖို့ သုံးမိနစ်လောက် အချိန်ယူလိုက်ရသည်။ ၀၃၀၃ က ထွက်လာချိန်၌ အလောင်းကို ဧည့်ခန်းကနေ ဖယ်ရှားပြီး မနေ့ညက တစ္ဆေပုံပြင်တွေ ပြောပြသည့် ဧည့်ခန်းမဆောင်မှာ ခေတ္တထားထားသည်ဟု ကြားလိုက်ရသည်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now