အပိုင်း(၄၃)

1K 224 2
                                    

အရိပ်၏အကြည့်များသည် ရွှတ်နောက်နောက် မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေ၏။

ချီနန်က သူ၏မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးခဲ့သည်။ မျက်နှာဖုံးကို မြင်လိုက်သည်နှင့် ချီနန့်မျက်လုံးထဲတွင် အံ့ြသမှု အနည်းငယ် ပေါ်လာ၏။ သို့သော် အရိပ်သည် ၎င်းကို မပျော်မွေ့ရ‌ေသးခင်မှာဘဲ ချီနန်က စိတ်ခံစားချက်များ အနည်ထိုင်သွားကာ ပြန်တည်ငြိမ်သွားခဲ့သည်။ 
"ငါမှတ်မိတယ်"

သူသည် အရိပ်ဆီသို့ ခြေတစ်လှမ်းချင်း လျှောက်သွားရင်း တည်ငြိမ်စွာ ပြောလိုက်၏။

အရိပ်သည် သူ၏တည်ငြိမ်သောအပြုအမူကြောင့် အနည်းငယ်အံ့ြသသွားပြီး စိတ်မရှည်တော့ပေ။ 
"မင်းမှာမေးစရာမရှိဘူးလား?"

ချီနန်က အရိပ်ရှေ့တွင် ရပ်လိုက်သည်။ 
"မင်းဘာလို့ သူ့အတွက် ငါ့ကို ဒါ‌ေတွလာပြော‌ေနရတာလဲ?"

အရိပ်၏နှုတ်ခမ်းများသည် ယဲ့ချန်ကဲ့သို့ ကွေးညွတ်သွား၏။ 
"ဒါက သူ့အတွက်" မဟုတ်ဘူး။ သူရဲ့ ဆုတ်ခွာဖို့ လမ်းကြောင်းကို ဖြတ်တောက်ခဲ့တာက ငါပဲ”

"ယဲ့ချန်က ဘာလို့ဒီလိုလုပ်ရတာလဲ?"

အရိပ်က ပြုံးပြီး ပခုံးတွန့်သည်။ 
"ဒါကတော့... မင်းသူ့ကို ကိုယ်တိုင် သွားမေးသင့်တယ်လို့ထင်တယ်"

"အိုး ဒါဆိုလည်း ငါ့မှာတကယ်မေးစရာမရှိ‌ေတာ့ဘူး"

အရိပ်က စိတ်ပျက်သွားပုံပင်။ 
"သေချာလား?"

ချီနန်နှင့် အရိပ်တို့သည် စက္ကန့်ဝက်ခန့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ချီနန်က မေးလိုက်၏။
“မင်းမျက်နှာကို ငါထိကြည့်လို့ရမလား?”

အရိပ်က အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်လိုက်သည်။
"ဘာလို့လဲ?"

“ငါနည်းနည်း သိချင်လို့ပါ။ အရိပ်ကိုထိရင် ငါငိုမှာလား?”

အရိပ်က ပြုံးလိုက်သည်။ 
"ဒါပေါ့"

အရိပ်သည် ၎င်း၏မျက်နှာပေါ်ရှိ မျက်နှာဖုံးကို ဖယ်လိုက်ပြီး 'ယဲ့ချန်' ၏ မျက်နှာကို ထုတ်ဖော်ပြသလိုက်သည်။ ချီနန်ကလည်း သူ့လက်ကို ဆန့်ထုတ်လိုက်၏။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now