အပိုင်း(၅)

1.8K 382 40
                                    

ဤအိပ်မက်ထဲတွင် ချီနန်က သူ့အမြင်အာရုံကို ပြန်လည်ရရှိခဲ့သည်။ ၎င်းသည် သူ၏မှတ်ဉာဏ်အပိုင်းအစများ ဖြစ်‌ေလာက်၏။ သူသည် ပန်းချီကားထဲတွင် အကျဉ်းကျ‌နေဆဲဖြစ်ပြီး သူ၏အမြင်အာရုံမှာ မလှုပ်ရှားနိုင်သော ကင်မရာနှင့်တူကာ အကန့်အသတ်ရှိသော မြင်ကွင်းများကိုသာ ကြည့်ရှုနိုင်‌ေလသည်။

၎င်းက မိုးရွာ‌ေန‌သော နေ့လည်ခင်းပင်။ ခန်းစီးများ ပွင့်‌ေနသော်လည်း ကောင်းကင်က တောက်ပမ‌နေသလို အိပ်ခန်းထဲကလည်း မှိန်ဖျော့နေဆဲ။

ချီနန်က ဤသည်မှာ ယိုယွီ၏အိပ်ခန်းဖြစ်ကြောင်း သတိထားမိခဲ့သည်။ ယိုယွီသည် ကုတင်အစွန်းတွင်ထိုင်ကာ တိမ်ထူနေသော ပြတင်းပေါက်ကို မျက်နှာမူရင်း မျက်လုံးမှိတ်ထားသည်။ သူဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်‌ေသာ်လည်း ရှုခင်းက သူ့ကို တုံ့ပြန်‌ေနသလို အချိန်အကြာကြီး တစ်နေရာထဲသို့ မျက်နှာမူထား၏။

သိပ်မကြာခင်မှာပဲ အိပ်ခန်းတံခါးပွင့်လာပြီး အိမ်အကူက ဆေးတွေ ယူလာပေးခဲ့သည်။ 
“သခင်‌ေလး၊ ဆေးသောက်ချိန်ရောက်ပြီ”

ယိုယွီက သူ့ကို လျစ်လျူရှုထားသော်လည်း အိမ်အကူက ဆေးကို တိုက်ရိုက်ယူသွားပြီး "သခင်လေး၊ ဆေးသောက်ချိန်ရောက်ပြီ" ဟု ထပ်ခါတလဲလဲ ပြောလေသည်။

ယိုယွီ၏နှုတ်ခမ်းက မျဉ်းကြောင်းတစ်ခုလို ဖြောင့်တန်းသွား၏။ 
"မသောက်ဘူး"

အိမ်အကူမှာ ရွေးချယ်စရာမရှိပေ။ 
"သခင်လေး ဆေးမသောက်ဘူးဆိုရင် ကျွန်မ မဒမ်ကို ခေါ်လာရလိမ့်မယ်"

စကားပြောနေစဉ် အိမ်အကူက အိတ်ကပ်ထဲမှ ပုလင်းငယ်တစ်လံုးကို ထုတ်လိုက်သည်။ သခင်‌ေလးသည် မမြင်နိုင်သဖြင့် ဆေးပန်းကန်လုံးထဲသို့ ခဲနက်‌ေရာင်အမှုန့်ကို ပြောင်ပြောင်တင်းတင်း လောင်းထည့်လိုက်၏။ ဆေးရည်သည် ချက်ချင်းပင် ထူးဆန်းပြီး နက်မှောင်သောအရောင် ပြောင်းသွားလေသည်။

'မဒမ်' ဟူသော စကားလုံးကို ကြားသောအခါ ယုိယွီ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ အိမ်အကူက ၎င်းကိုမြင်သော် သံပူတုန်းရိုက်လိုက်၏။
“မဒမ်က ရုပ်ရှင်ရိုက်ဖို့ အလုပ်များ‌ေနတယ်။ သူ့ကိုထပ်အလုပ်ရှုပ်အောင် မလုပ်ကြရအောင်။ သခင်လေး ​ဆေး​ကောင်း​ကောင်း​သောက်မှ ကျန်းမာမှာပေါ့"

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now