အပိုင်း(၃၆)

1.2K 263 4
                                    

"ဒါဆို ဘယ်သူပိုကောင်းလဲ ပြိုင်ကြတာပေါ့"
ချီနန်က အချိန်အတော်ကြာပြီးမှ လေးလေးနက်နက် ပြောလိုက်၏။

ယဲ့ချန်တစ်ယောက် ‌ေကြာင်အသွား‌ေလသည်။ 
"ဘာ?"

ချီနန်က- "ဘယ်သူက ဘယ်သူ့စကားကို နားထောင်မလဲဆိုတာ သိဖို့ ဖယောင်းတိုင်ကို ဘယ်သူပိုကောင်းအောင်လုပ်မလဲဆိုတာ ကြည့်ကြရအောင်"

မနေ့က ယဲ့ချန်ရဲ့လက်ရာက သူ့ထက် ပိုဆိုးတာကို သူအမှတ်‌ရသေးသည်။ သူသည် စေတနာ့ဝန်ထမ်းအဖွဲ့တစ်ခုလုံး၏ အောက်ခြေတွင် ဖြစ်ခဲ့သော်လည်း အနည်းဆုံး‌ေတာ့ သူသည် ဖယောင်းရုပ်တစ်ရုပ်ကို ဖန်တီးခဲ့၏။ ယဲ့ချန်ကတော့ ပုံစံခွက်ကို ထွင်းထုခြင်းပင် မပြီးခဲ့ပေ။

ချီနန်က သူ့လက်ထဲက ဖယောင်းတုံးတစ်တုံးကို ညှစ်လိုက်ပြီး ထွင်းဓားကို ကောက်ကိုင်ကာ ပြောလာသည်။
"မင်းငါ့ကို ဖယောင်းရုပ်တစ်ရုပ် ပေးချင်တယ်လို့ ပြောခဲ့ပေမယ့် ငါကတော့ လက်ဆောင်တွေကို လဲလှယ်ချင်တယ်"

"ဒါက ကျွန်တော့်ကို ကတိ‌ေပး‌ေနတာလား?"
ယဲ့ချန်က ပြုံးပြီး သူ့ရဲ့ ကျားသွားလေးတွေကို ထုတ်ပြလာသည်။ 
“အစ်ကိုနန်ရဲ့ ခွဲ‌ေနချင်တဲ့ စိတ်ကူးကို ရပ်တန့်ဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်”

ချီနန် : "……"

ချွန်ထက်သောဓားသည် ယဲ့ချန်၏လက်ချောင်းများမှတဆင့် ပေါ့ပေါ့ပါးပါး လျောထွက်သွားပြီး သူကပြုံးလိုက်သည်။ 
"အစ်ကိုနန် ကျေနပ်အောင် လုပ်‌ေပးမယ်"

ချီနန်သည် ယဲ့ချန်၏ လေးနက်သော လေသံဖြင့် ပြောဆိုသည်ကို မကြားဖူး၍ သူလုပ်‌ေနသည်များ အေးခဲသွားပြီး ဓားသည် သူ့လက်ချောင်းကို ဖြတ်လုနီးပါး ဖြစ်သွား၏။

ယဲ့ချန်က သူ့ကို မော့မကြည့်ဘဲ ပြောလိုက်သည်။
“လက်ကို မထိခိုက်မိအောင် သတိထား”

ချီနန်တစ်ယောက် “ရန်သူကို ပေါ့ပေါ့တန်တန် သဘောထားလွန်းသည်” ဆိုတာကို သက်သေပြမိခဲ့လေသည်။

ယဲ့ချန်သည် ယနေ့တွင် လူသစ်တစ်ယောက်လိုဖြစ်နေကာ (မနေ့ကနဲ့မတူတဲ့လူ new personကိုပြောတာပါ) သူ၏ ထွင်းထုခြင်း စွမ်းရည်သည်လည်း ပြီးပြည့်စုံ‌ေနပြီး အခက်ခဲဆုံးဖြစ်သော ဖယောင်းရုပ်ပံုစံကို ထွင်းထုရန် နှစ်နာရီပင် မကြာလိုက်ပါ။ နောက်ဆုံးတွင် ဖယောင်းရည်ကို လောင်းချပြီး မီးစာကို ဖယောင်းရည်ထဲ ချလိုက်ကာ တစ်ချက်တည်း ပြီးသွားတော့သည်။ သူသည် ဖယောင်းတိုင်စက်ရုံတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သော အမျိုးသမီး အလုပ်သမားတွေထက်တောင် ပိုကျွမ်းကျင်ပုံရ၏။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now