အပိုင်း(၇၄)

744 175 8
                                    

အသက်အရွယ်သည် အခန်းနံပါတ်တစ်ခုကဲ့သို့ ပြောင်းလဲရန် မလွယ်ကူသော်လည်း ၎င်းမှာ မဖြစ်နိုင်တာတော့ မဟုတ်ပေ။ နောက်ဆုံးမှာ‌ေတာ့ ဒီနေရာက ဘာမဆိုဖြစ်နိုင်တဲ့ အိပ်မက်ဆိုးကမ္ဘာကြီးပဲလေ။

သူ့တွင် လုံလောက်သော ကောင်းချီးမှတ်ရှိရန်သာ လိုအပ်ပြီး အရေးပေါ် ဆန္ဒဖလှယ်လိုက်ခြင်းဖြင့် သူ၏ အသက်အရွယ်ကို ပြောင်းလဲခြင်းက ပြဿနာရှိလာမည် မဟုတ်ပေ။

ကောရှန်းက အနည်းငယ် ငြိမ်သက်သွားပြီးနောက် စနစ်အတွင်းရှိ သူ၏အသက်အရွယ်ကို ပြောင်းလဲရန် လိုအပ်သော ကောင်းချီးမှတ်ကို ချက်ချင်းစစ်ဆေးလိုက်ပြီး အသက်အရွယ်ပြောင်းလဲခြင်းသည် အရေးပေါ်ဆန္ဒဖလှယ်မှုယန္တရား၏ ခွင့်ပြုထားသောအတိုင်းအတာအတွင်းဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ဤအရာက သူ့နှလုံးသားထဲတွင် မျှော်လင့်ချက်အချို့ကို ဖြစ်ပေါ်စေ၏။

ကံမကောင်းစွာပဲ သူသည် သူ့အသွင်အပြင်အတွက် ကောင်းချီးမှတ်ကို ဖလှယ်လိုက်သောကြောင့် သူစုဆောင်းထားသော ကောင်းချီးမှတ်မှာ မလုံလောက်တော့ပေ။

ဆန္ဒအသစ်တစ်ခုသာ လုပ်နိုင်ခဲ့မယ်ဆိုရင်...

ကောရှန်း၏အကြည့်သည် ချီနန့်ဆီသို့ ပြောင်းသွားပြီး ချီနန်ရရှိထားသောပစ္စည်းများကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

ပန်း‌ေပးပွဲအပြီးမှာ ကောရှန်းက ချီနန့်ဘေးသို့ လျှောက်သွားလိုက်၏။ 
"မင်းမှာအချိန်ရလား? ငါ မင်းကို တစ်ခုလောက်မေးချင်လို့"

ချီနန်က ပြန်မေးလိုက်သည်။
“ဘာများလဲ?”

"အဆင်ပြေရင် အပြင်ထွက်ပြီး ဆွေးနွေးကြရအောင်"
ကောရှန်းက သူ့ကို ကြည့်လိုက်သည်။

ထန်ယွီက ချီနန်ဘေးတွင် လမ်းလျှောက်‌ေနကာ ဒါကို သူကြား‌ေတာ့ ကောရှန်းကို သတိနဲ့ကြည့်လိုက်၏။
"ဒီမှာ တိုက်ရိုက်ပြောလို့ မရဘူးလား?"

ကောရှန်းက ထန်ယွီကို ကြည့်တောင်မကြည့်‌ေပ။
"အဆင်မပြေဘူး"

ထန်ယွီ : "……"

ချီနန်က စင်္ကြံဆီသို့ လိုက်သွားခဲ့သည်။ 
"ဘာ‌ေမးချင်လို့လဲ?"

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now