အပိုင်း(၃၅-၁)

1.2K 254 2
                                    

ကန်တင်းသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး ငယ်ရွယ်သောမိခင်၏ ရုပ်ဆိုးသောအမူအရာသည်လည်း ကြောက်ရွံ့မှုကြောင့် ပို၍ပင် ဆိုးရွားလာ၏။

ရွေ့ရွေ့သည် သူ့အမေလက်ထဲသို့ ပန်းသီးကြီးတစ်လုံး ထည့်ပေးလိုက်သည်။ 
“‌ေမမေ မကြောက်ပါနဲ့။ မေမေတစ်ယောက်တည်း မဟုတ်ဘူး"

နောက်ဆုံးတော့ ကလေးအမေက စိတ်သက်သာရာရစွာ ပြုံးပြီး ပန်းသီးကို ကိုက်လိုက်သည်။ 
"အရမ်းချိုတယ်"

လူအိုကြီးယွီက မိခင်နှင့်သမီးတို့၏ အနက်ရောင်အသုဘဝတ်စုံကို ကြည့်လိုက်သည်။ 
"မင်းတို့ အိပ်မက်ဆိုးကမ္ဘာထဲ မဝင်ခင် အသုဘအခမ်းအနား သွားခဲ့တာလား?"

သူသည် ‌ေရွ့ရွေ့က အတွေ့အကြုံရှိသော လူဟောင်းဖြစ်နေချိန်တွင် သူ့အမေက ဘာကြောင့်လူသစ်ဖြစ်နေမှန်း သိချင်နေ၏။ သူတို့နှစ်ယောက်လုံး တစ်ချိန်တည်း ဝင်လာမှန်းတော့ ကျိုးကြောင်းဆီလျော်စွာ ပြောနိုင်‌ေပသည်။ မဟုတ်ရင် သူတို့ ဘာကြောင့် တုညီတဲ့ အသုဘဝတ်စုံတွေ ဝတ်ထားကြမှာလဲ?

ကလေးအမေက ခဏလောက် စိတ်ရှုပ်သွားပြီး သူ့ဟာသူ ရေရွတ်နေ၏။
“ဟုတ်တယ်… အသုဘ… ဘယ်သူဈာပနလဲ? ဘယ်သူလဲ….”

ဒါကိုကြားတဲ့အခါ လူတိုင်းရဲ့အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး ငေးငိုင်နေသော မိခင်ကို ကြည့်လိုက်ကြသည်။

"မေမေ၊ အဆင်ပြေပါတယ်" 
ရွေ့ရွေ့သည် သူမ၏ ပါးပြင်လေးနှင့် သူ့အမေကို ပွတ်သပ်လိုက်သည်။ 
"ဖေဖေ့ကို မကြာခင် အိမ်ပြန်‌ေခါ်နိုင်မှာပါ"

ထိုအချိန်မှ မိခင်၏မျက်လုံးများထဲတွင် မြူခိုးများ ကင်းစင်သွားပြီး ဝမ်းနည်းမှုနှင့် အထီးကျန်မှုတို့ဖြင့် အစားထိုးလာခဲ့သည်။ 
“…ကျွန်မခင်ပွန်း ဆုံးပါးသွားတော့ ရွေ့ရွေ့နဲ့ ကျွန်မက သူ့အဖေဘဝအတွက် အမှတ်တွေ ဖလှယ်ဖို့ ရောက်လာကြတာ။ ပြီးရင် ကျွန်မတို့ သုံးယောက် အတူတူ အိမ်ပြန်ကြမှာလေ"

“တောင်းပန်ပါတယ်” 
လူအိုကြီးယွီက အနည်းငယ်ရှက်သွားသည်။ 
"မင်းရဲ့ဆန္ဒတွေ တကယ်ဖြစ်လာမယ်လို့ ငါမျှော်လင့်ပါတယ်"

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now