အပိုင်း(၂၅)

1.4K 327 10
                                    

ကပ္ပတိန်အိုကြီးက တောင့်တင်းသွားသည်။ 
"ဧည့်သည် ကျေးဇူးပြုပြီး အန္တရာယ်ရှိတဲ့ အတွေးတွေ မတွေးပါနဲ့"

ယဲ့ချန်က ပြုံးပြီး မျက်မှန်ကို တွန်းတင်လိုက်၏။
"ကျေးဇူးပြုပြီး မေးခွန်းကိုပဲ ဖြေပါ"

သူ့လေသံသည် နူးညံ့သိမ်မွေ့သောပုံပေါက်သော်လည်း လူတို့အား ဖိနှိပ်ချုပ်ချယ်မှုတစ်ခုကို နားမလည်နိုင်စွာ ပေးဆောင်‌နေလေသည်။

ကပ္ပတိန် NPC အိုကြီးပင်လျှင် တောင့်မခံနိုင်ဘဲ အဝေးကို အကြည့်လွှဲလိုက်ပြီး သူ့ပါးစပ်ထောင့်များ တင်းမာလာ၏။ 
"နှစ်ယောက်"

"အိုး ခင်ဗျားရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်" 
ယဲ့ချန်၏ လေသံထဲမှ ဖိနှိပ်မှုများ ပေါ့ပါးသွားပြီး သူသည် သူ့ဘေးနားရှိ ချီနန်ကို ကြည့်ကာ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။

နောက်လာမည့် ထိတ်လန့်စရာ ဇာတ်လမ်းပြောချိန်တွင် အဖွဲ့သည် မနေ့ညကကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ပါ။ သရဲပုံပြင်ပြောတဲ့အခါ သူတို့အားလုံး အကျင့်ပျက်သွားတာ ထင်ရှားလှ၏။

သေလွန်သူတွေ သေဖို့ဆိုတာ မဖြစ်နိုင်သလို သရဲတစ္ဆေအကြောင်း ပြောဖို့ဆို ပိုတောင် မဖြစ်နိုင်တော့ပါ‌ေချ။

ကပ္ပတိန်အိုကြီး၏ အမူအရာမှာ အလွန်ဆိုးရွား‌ေနသော်လည်း စည်းကမ်းချက်မှာ ထိတ်လန့်စရာ ဇာတ်လမ်းကို ပြောပြရန်သာ ပြောထားသည်။  ဇာတ်လမ်းသည် အတုအယောင်မဖြစ်နိုင်သည့် အကြောင်းပြချက်မရှိပါ။

ထို့ကြောင့် အိပ်မက်လည်ပတ်သူများသည် 'သိပ္ပံပညာကို ချဉ်းကပ်ခြင်း' ပုံပြင်များကို စနစ်၏တရားစီရင်မှုအား စမ်းသပ်သည့်အနေဖြင့် တစ်ညလုံး နားထောင်ခဲ့ကြသည်...

အားလုံးနီးပါး ပြောပြီးသွားချိန်တွင် ၁၀ နာရီထိုးခါနီးပြီဖြစ်ပြီး ဧည့်ခန်းမဆောင်သည် တိတ်ဆိတ်သွား၏။ ထို့နောက် ကပ္ပတိန်အိုကြီးက ချီနန်နှင့် ယဲ့ချန်တို့ကို ကြည့်လိုက်သည်။ 
"ဧည့်သည်နှစ်ယောက်၊ သင်တို့ရဲ့ ထိတ်လန့်စရာကောင်းတဲ့ ဇာတ်လမ်းတွေကို ကျုပ်တို့နဲ့ မျှဝေပေးပါ"

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now