အပိုင်း(၂၀-၁) Arc-2 ဆည်းဆာအပျော်စီးသင်္ဘော

1.8K 341 17
                                    

ဆည်းဆာအပျော်စီးသင်္ဘောသည် တောက်ပစွာ ထွန်းလင်းနေ၍ မှောင်မိုက်သောပင်လယ်ကြီးသည် တခဏချင်း လင်းလက်သွား၏။ ၎င်းကလူတိုင်း စိတ်ကူးထားသည့် အုံ့မှိုင်းပြီး တိတ်ဆိတ်နေသော သင်္ဘောနှင့် လုံးဝကို ကွဲပြား‌ေနသည်။

တစ်ချိန်တည်းမှာပင်၊ စနစ်မှသတိပေးချက်အသံထွက်လာ၏။

[အိပ်မက်လည်ပတ်သူများအားလုံး 'Dusk Cruise' ကို နှစ်မြှုပ်သည့်ပုံစံဖြင့် တွေ့ကြုံခံစားနိုင်ရန်၊ အိပ်မက်လုပ်ဆောင်နေချိန်အတွင်း စနစ်သည် offline ဖြစ်‌ေနပါမည်။ အိပ်မက်လည်ပတ်သူတိုင်း အိပ်မက်ကို ကိုယ်တိုင်စူးစမ်း‌ေလ့လာပါ။ ပျော်ရွှင်စွာ လည်ပတ်နိုင်ကြပါစေလို့ ဆုတောင်း‌‌ေပးပါတယ်။]

အသစ်ရောက်လာသူအချို့သည် သူတို့၏မျက်လုံးများတွင် မျှော်လင့်ချက်အနည်းငယ်ဖြင့် မျှော်ကြည့်နေကြသည်။

"သိပ်ကြောက်စရာကောင်းတဲ့ပုံ‌ေတာ့ မပေါ်ဘူး..."

"ဟုတ်တယ်၊ ဒါပေမယ့် ဈေးကြီးမယ့်ပုံပဲ"

"အမ် ငါ့မှာ ပိုက်ဆံမရှိဘူး..."

လူဟောင်းတွေရဲ့ အမူအရာတွေက ပိုရှုပ်ထွေး၏။ အချို့က သက်သာရာရသွားသလို အချို့က မျက်မှောင်ကြုတ်ကြသည်။ တစ္ဆေသင်္ဘောကို မြင်တာထက် သူတို့ ပိုစိုးရိမ်‌ေနကြ၏။

ဟေးချသည် လှုိင်းမူးပျောက်ဆေးကို ထုတ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
"အပျော်စီးသင်္ဘောပေါ်က ဝန်ဆောင်မှုက ကျီမြို့လိုပဲ ငါတို့ကို အခမဲ့ စားသောက်ခွင့် ပေးမှာလား မသိဘူး"

"‌ေကျာပိုးအိတ်ထဲမှာ စားစရာတွေအပြည့်ပါတယ်။ ပိုက်ဆံမရှိရင်တောင် ငါတို့ငတ်မှာမဟုတ်ဘူး"
ချီနန်က သူ့နောက်မှ ကျောပိုးအိတ်ကို ပွတ်သပ်လိုက်သည်။

ချီနန်သည် သူ့ကိုတစ်စံုတစ်‌ေယာက်က စိုက်ကြည့်နေသည်ဟု ခံစား‌ေနရ၍ အတည်ပြုဖို့ ခေါင်းလှည့်လိုက်၏။ သူ့မျက်လုံးတွေက အခုမှရောက်လာတဲ့ လူငယ်ကို လှမ်းတွေ့လိုက်သည်။ ခဏလောက်တော့ ချီနန်သည် သူနားမလည်နိုင်တဲ့ ရင်းနှီးမှုကို ခံစားလိုက်ရ၏။

၎င်းက အသွင်အပြင်မဟုတ်ဘဲ ဖော်ပြလို့မရနိုင်တဲ့ ခံစားချက်မျိုးပင်... သို့သော် ဒီခံစားချက်က ခဏသာကြာလိုက်သည်။ လူငယ်သည် အလင်းပြန်မှန်ဘီလူးအောက်တွင် ဝှက်ထားသော မျက်လုံးများဖြင့် ဇိမ်ခံသင်္ဘောအောက်၌ ရပ်နေကာ သူ၏အမူအရာမှာ မရှင်းလင်းလှပေ။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now