အပိုင်း(၈၄)

428 83 2
                                    

လုပိုင်ကျိုးက ထိတ်လန့်သွား‌ေသာ မျက်နှာနှင့် သူအရင်က ကျန်းယွီကိုမေးဖူးသည့် မေးခွန်းအတိုင်း ချီနန်ကို ပြန်မေးလိုက်သည်။

"သူက ရှင့်ဇာတ်ကောင်ရဲ့ ညီဟုတ်ရဲ့လား? ဒါမှမဟုတ် ရှင်သူ့ကို အရင်ထဲက သိနေတာလား?"

ကျန်းယွီက လုပိုင်ကျိုးကို ထူးဆန်းသည်ဟူသည့် မျက်နှာထားနဲ့ ကြည့်လိုက်မိသည်။ လုပိုင်ကျိုးက အိမ်မက်လည်ပတ်သူတွေနဲ့ ဇာတ်ကောင်ကြားမှာရှိတဲ့ ဆက်ဆံရေးကို ဘာလို့အဲ့လောက် စိတ်ဝင်စားနေရတာလဲ?

"ငါလည်း မသေချာသေးဘူး"

ချီနန်က မထင်မှတ်ထားတဲ့ အဖြေကိုပေးခဲ့သည်။ ထို့နောက် ဆက်ပြောလာ၏။

"တကယ်လို့ ငါတို့အကုန်လုံးသာ လူသတ်သမားဆိုရင် ဝိညာဉ်တွေက ချူယဲ့ကျွင်းလုပ်ခဲ့သလိုပဲ ငါတို့ကိုလည်း လက်စား‌ချေဖို့ လုပ်ကြလိမ့်မယ်"

ကျန်းယွီက ဆက်ပြောသည်။

"ဟုတ်တယ်။ အဝေးပြေးလမ်းမ‌ေပါ်မှာ မိုးရေထဲပေါ်လာတဲ့ ကားတားတဲ့ ဝိညာဉ်ကို တွေ့ပြီးတာနဲ့ လက်စားချေတဲ့အပြုအမူတွေကို စပြီးကြုံတွေ့လာရလိမ့်မယ်"

ပေ့မော့က ထအော်လိုက်သည်။
"စာရေးဆရာက ဗုံးပေါက်ပြီးသေသွားတာ။ ငါ‌‌ေတာ့ဗုံးကြောင့် အပိုင်းအစတွေအဖြစ် လွင့်မသွားချင်ဘူးနော်"

"ဒါကခန့်မှန်း‌ခြေပဲရှိပါသေးတယ်"
ချီနန်ကပေါ့ပေါ့ပဲ ပြန်ဖြေလာသည်။

"ငါကတော့ ငါ့ညီပေါ်လာတာကို စောင့်ရံုပဲရှိတယ်"

ကားထဲမှာရှိတဲ့ လေထုက ‌ငြိမ်သက်သွားကာ လူတိုင်းက ထိုအကြောင်းကိုတွေးပြီး ရင်မောနေကြရသည်။

ကျန်းယွီက အကုန်လုံးကို နှစ်သိမ့်ပေးချင်သည်။ ဇာတ်ကောင်တွေသတ်ခဲ့တဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေက လက်စားချေဖို့ ပေါ်လာခဲ့ရင်တောင် ချီနန်က ဝိညာဉ်တွေကို အစွဲချွတ်နိုင်တာမို့ စိုးရိမ်စရာမလိုကြောင်း သူမပြောပြချင်သည်။ ဒါပေမဲ့ ချီနန်က တချိန်လုံးတိတ်ဆိတ်နေပြီး စကားဝင်မပြောတာကြောင့် ဘေးလူဖြစ်တဲ့ သူမက ချီနန်ရဲ့ စွမ်းရည်အကြောင်းကို ထုတ်ပြောဖို့က ကသိကအောက်ဖြစ်နေလိမ့်မည်။

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now