အပိုင်း(၂၀-၂)

1.7K 357 11
                                    

အုပ်စုက စိတ်ရှုပ်သွား‌ေသာ်လည်း ကပ္ပတိန်က ရှင်းပြရန် ရည်ရွယ်ချက်မရှိ‌ေပ။ အချိန်ကိုကြည့်ကာ ဆက်ပြောလာ၏။

“ညစာဝန်‌ေဆာင်မှုက ညနေ ၄း၃၀ က‌နေ ည ၇း၅၀ ထိပဲ။ ဧည့်သည်များ သင်တို့ရဲ့ခရီးဆောင်အိတ်‌ေတွကို အခန်းထဲမှာ ထားရှိပြီး အနားယူကြပါ။ အဲဒါပြီးရင် ညစာစားဖို့ စားသောက်ခန်းကို သွားလို့ရပါပြီ”

“အပန်းဖြေခန်းတွေ၊ အားကစားခန်းမတွေ၊ ပြခန်းတွေနဲ့ တခြား ခန်းမတွေကို နေ့တိုင်းမနက် ၈ နာရီကနေ ည ၈ နာရီအထိ ဖွင့်လှစ်ထားပါတယ်"
ကပ္ပတိန်က စည်းမျဥ်းစည်းကမ်းများကို ဆက်လက်ကြေညာသည်။

ရင်ဘတ်ကြီးကြီး အမျိုးသမီးက မျက်ခုံးပင့်လိုက်၏။
“ည ၈ နာရီကနေ မနက်၈နာရီအထိက ကျွန်မတို့အတွက် ဘာတွေစီစဉ်ထားလဲ?"

ကပ္ပတိန်က အနည်းငယ်ပြုံးသည်။ 
“ချစ်ခင်ရပါသော ဧည့်သည်တော်တို့၊ ဆည်းဆာသင်္ဘောမှာ ဟိုးအရင်ကတည်းက ရိုးရာဓလေ့တစ်ခုရှိပါတယ်။ ညတိုင်း(၈)နာရီမှာဧည့်သည်များအားလုံး ဧည့်ခန်းမထဲမှာ စုဝေးကြရမှာဖြစ်ပြီး လူတိုင်းက ထိတ်လန့်စရာကောင်းတဲ့ ပုံပြင်ဇာတ်လမ်း‌ေတွကို ပြောကြရမှာဖြစ်ပါတယ်”

အတွေ့အကြုံရှိသော အိပ်မက်လည်ပတ်သူများသည် ၎င်းက ဤအိပ်မက်ဆိုးအတွက် အရေးကြီးသော စည်းမျဉ်းတစ်ခုဖြစ်ကြောင်း သိလိုက်ကြပြီး အားလုံး ဂရုတစိုက် နားထောင်‌ေနကြ၏။

"ထိတ်လန့်စရာဇာတ်လမ်းပြောချိန်က ည ၈ နာရီကနေ ၁၁း၃၀ နာရီအထိ ကြာပါလိမ့်မယ်။ သန်းခေါင်ယံမှာ ဧည့်သည်တွေအားလုံး အနားယူဖို့ ကိုယ့်အခန်းကို ပြန်ရပါမယ်။ ပုံမှန်အခြေအနေမှာ သန်းခေါင်ကျော်ရင် ခွင့်ပြုချက်မရှိဘဲ အခန်းထဲက ထွက်လို့မရပါဘူး"

ယဲ့ချန်သည် ချီနန်၏ဘေးတွင် ရပ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
“ပုံမှန်အခြေအနေအရဆိုတော့ တစ်နည်းပြောရရင်…"

“အထူးအခြေအနေဆိုရင် သီးခြားဆွေးနွေးရမှာပဲ”
ချီနန်က ပြန်လည်ဖြေကြားခဲ့သည်။

ဟေးချသည် စိတ်အားထက်သန်သော လူနှစ်ယောက်ကို ကြည့်ကာ အသိစိတ်ဖြင့် ဘေးထွက်ရပ်လိုက်၏။  သူတို့‌ဆီက အန္တရာယ်အငွေ့အသက်တွေ ရနေတယ်...

အငိုသန်ကလေးလေး အိမ်မက်ဆိုးစက်ဝန်းထဲ ဝင်ရောက်ပြီးနောက်Where stories live. Discover now