Part -1

1.1K 86 12
                                    

ဆိုင်ကယ်သံများ ကမူးကရူးဖြတ်ပြေးနေတယ့်လမ်း မ ထက်ဝယ် ဆိုင်ကယ်အနက်တစ်စီးဟာ အားလုံးထက်ပို ဦးဆောင်၍ အရှေ့ဆုံးကိုဖြတ်ပြေးနေတာကို အပေါ်စီးကနေ လှမ်းကြည့်ရင်သေချာ မြင်နိုင်ပါသည်။ 
All black နဲ့ ထိုဆိုင်ကယ်ရဲ့ပိုင်ရှင်ဟာလည်း ညအမှောင်နဲ့တသားထဲကျ‌စွာ ဖြင့် ပြေးလမ်းမထက် အရှိန်အဟုန်နှုန်းမြင့်ဖြတ်သန်းနေလေပါသည်။

"Samuel!!! သတိထားအုံး "

ပြိုင်ကွင်း ပတ်လည်က သူငယ်ချင်းတစ်ယောက်ရဲ့အော်သံ ဟာ ဆိုင်ကယ်အုပ်ထားတယ့် သူ့နားထဲသို့မကြားနိုင်ပါ ။ အကယ်၍ ကြားခဲ့ရင်တောင် ‌အဖတ်လုပ်ချင်ခံရမှာမဟုတ် ပေ ။ Sam ဆိုတာအဲ့လိုလူမျိုးဖြစ်ပေသည် ။

ဝှီးးးးးးးး

ပြင်းလှတယ့် ဆိုင်ကယ်အရှိန်ရဲ့အနောက်က လေသံ ဟာလည်း ကြောက်ဖို့ကောင်းစွာလိုက်ပါလာပြီး နောက်မှာတော့ ထို ဆိုင်ကယ်ရဲ့ ဦးတည်ရာ ပန်းတိုင်းဆီ တန်းတန်းမတ်မတ် ပထမဆုံး ဝင် ရောက်သွားပါ၏ ။

""ရေးးးးးး!!!""

သူငယ်ချင်း အနည်းငယ်ရဲ့ ကွင်းဘေးကအသံ တွေ ဟာ Sam ဆိုင်ကယ် ပန်းတိုင်ကပ်တာနဲ့ နားထဲသို့ ဖြတ်ဝင်လာပါတော့၏ ။ ဆိုင်ကယ်ကို ဟန်ပါပါရပ်ပြီးသွားတော့ သူငယ်ချင်းတွေဆီ သွားကာ အောင်ပွဲခံဖို့အလုပ်ပင် ဆိုင်ကယ်ရပ်ထားတယ့် နေရာ ကို ခုနက ပြိုင်ပွဲဝင်ဆိုင်ကယ်များ ဝင်ရောက်လို့ လာပါတော့သည် ။ ဆိုင်ကယ်ဘေးပတ်ပတ်လည် တွင်အသီးသီး နေရာယူကာ ရပ်လိုက်ကြတယ့် ဆိုင်ကယ် များအား သူတို့ရဲ့ လီဗာ ကို ဆုပ်ကိုင်ထားပြီးအခုထိ အရှိန်မသတ်သေးပေ ။

"Samuel မင်း မညစ်နဲ့ "

" ငါ ဘယ်နား ညစ်ခဲ့လို့လဲ "

" တာ စ ထဲက မင်း ငါတို့ဘက်က ဆိုင်ကယ် တစ်စီးကို ခြေထောက်နဲ့ကန်ပြီးအရင်ပြေးသွားတာ ငါတို့မသိဘူးများမှတ်နေသလား "

"မင်းတို့ ဆယ့်လေးယောက် နဲ့ငါတစ်ယောက်လေ ဟေ့ကောင် ၊ နှစ်ယောက်တစ်ယောက်တောင်မဟုတ် ဆယ့်လေးယောက်တစ်ယောက် ပြိုင်တာတောင် မင်းတို့ရှုံးတာ စောက်ရှက်ရှိရင် လဲသေလို့ရပြီး "

Xanny Where stories live. Discover now