Final -1

584 54 12
                                    

UNI

" Sam ?"

" .... Bokie!"

"...!"

" ဘာလို့ နိုးနေတာကို အပြင်မထွက်လာတာ လည်းကွာ ၊ ကြည့်အုံးချွေးတွေနဲ့ဖျားအုံးမယ် "

ပြောရင်းဆိုရင်း Samuel က ကုတင်ဘေး က ခုံတွင်တင်ထားတယ့်တစ်ရှူးထုတ်ထဲက တစ်စ ဆွဲထုတ်ပြီး Yongbok နဖူးပေါ်က စီးကျနေသော ချွေးစက်များအား သုတ်ပေးသည်။ 
ခုနက Sam ရဲ့လေသံ မာမာကြောင့်လန့်သွားတယ့် Yongbok က ယခု Sam လုပ်ရပ်ကြောင့် ကြောင်ကြည့်နေမိပြန်သည်။ 
တယုတယ သုတ်ပေးနေတယ့် တစ်ရှူးထက်တောင် သိမ်မွေ့ တယ့်လက်ဖျားများက နဖူးကိုအကြိမ်ကြိမ်စမ်းကြည့်ပြီးတာနဲ့ Yongbok မျက်လုံးတွေကိုမစုံစုံအောင်ကြည့်ရင်း တစ်ခုခုကိုအတည်ပြုနေသည်။

" အဆင်ပြေရဲ့လား ?"

"...."

" ဒီမနက်ကြ Bokie ကြောင်လေးဆီ Sam ခေါ်သွားပေးမှာမို့ မငိုနဲ့တော့နော် "

"...."

" မနေ့ညက ငိုထားတာ များ တာကိုသိပေမဲ့အရမ်း ကြီးစိတ်မကောင်းမဖြစ်ပဲ Sam ပြောသလို ဒီ ဒုက္ခကနေ လွတ်မြောက်သွားတာလို့ပဲမှတ်ပေး "

"...."

" ...Sam ကိုပြောစရာရှိလို့လား ?"

"..ဟင်း ...ဟင့်အင်း ! "

" အင်း မရှိရင်ပြီးရော အရမ်းအသံတိတ်နေလို့ ... လာ မျက်နှာသစ် လိုက် Sam မနက်စာပြင်ပေးထားမယ် ...အဟက် မနက်စာတောင်မဟုတ်တော့ဘူး နေ့လယ်စာ ဖြစ်တော့မယ် ၊ Bokie အိပ်တာအကြာကြီးပဲ အခုတောင် ၁၁ခွဲတော့မယ် မြန်မြန် မျက်နှာသွားသစ် သွား "

Sam ကပြောပြီး မိမိအား ရေချိုးခန်း ရှေ့ ချထားခဲ့ကာ အိမ်ရှေ့ဖက်တွင်တစ်ခုခုပြင်နေလေသည်။ Yongbok လည်း ယခုအခြေအနေကို တော်တော်လေး တွေးယူနေရင်းက မျက်နှာအရင်သစ်လိုက်ပါ့မယ်လေ ဟု စဉ်းစားကာ ရေချိုးခန်းထဲဝင်ဖို့ တံခါးအလှည့်
  နေပါအုံး .. ငါက ဒီအခန်းကိုရေချိုးခန်းမှန်းဘယ်လိုသိတာလည်း ?
တစ်ခါမှမရောက်ဖူးတယ့်တံခါး ရှေ့ ငူငူကြီးရပ်နေရင်း ဒီအတိုင် တွေးမိတာပါလေ ဟု စဉ်းစားလိုက်ကာ မျက်နှာသစ်ဖို့ လုပ်လိုက်သည်။
မျက်နှာကိုရေနဲ့ဆေးနေရင် ဘေးစင်ဘေးက မျက်နှာသစ်ဖူးလေး ထဲက အမြုပ်တွေကိုလည်း လွယ်လင့်တကူ ယူလိုက်ကာ မျက်နှာထက်ပွတ်လိမ်းရင် ဆေးကြောနေလိုက်သည်။ 
ဒီမျက်နှာသစ် ဆပ်ပြာဗူးတွေ ကမည်သူ့ဟာမှန်းမသိပေ ၊ Yongbok သုံးနေကြလို မျိုး စိတ်ထဲ ဘားမှမဖြစ်ပေ မဲ့  ဦးနှောက်ကတော့အလိုလိုအံဩလို့ ။
သွားတိုက်ရာတွင်လည်း သွားတိုက်တံအား  ဘယ်ဟာက မိမိဟာလည်း  ရွေးရခက်မနေ ချက်ချင်းလက်တွေက သွားတိုက်တံအနီချောင်းလေးကိုလက်လှမ်းလိုက်တာကြောင့် Yongbok တစ်ခုခုတော့ မှားနေပြီဆိုတာ သိရသည်

Xanny Where stories live. Discover now