Part -11

709 68 11
                                    

𝗨𝗡𝗜

နှင်းတွေ အကြီးကြီး ကျနေတယ့် အပြင်ဘက်ကို ‌မိဘတွေ ဘယ်တော့များ ရောက်လာမလဲ ဟူသော မျှော်လင့်ချက်ကလေး ဖြင့် စောင့်မျှော်နေသူ Bokie တစ်ယောက် ရှုးရှုးပေါက်ချင် ပေမဲ့ မိမိ ပေါင်ပေါ်ခေါင်းတင်အိပ်နေတယ့် Sam လေးကြောင့် ထလို့မရ ဖြစ်နေပေသည် ။

ဆောင်းတွင်းက အေးအေး
သောက်ထားတယ့်အချိုရေ တွေကတင် နည်းတာမဟုတ်တော့ Bokie မအောင့်နိုင်တော့ပဲ Sam ခေါင်လေးအားအသာ ဘေးတစ်ဖက်ချရင်း ခုံပေါ်က ဖြေးဖြေးလေးဆင်းလိုက်သည် ။ bokie အိမ်သာရှိရာကို ဝေ့ဝဲ ရှာ လိုက်ပြီးတာနဲ့ ရဲသားကြီးအကူအညီနဲ့ အိမ်သာရှိရာဆီသွားလိုက်တော့သည် ။

"အင်းး အဟင့် ! အဟင့် ဟင့် ... Hyung !!!"

သေးပေါက်နေရင်းအပြင်ဘက်က အသံစူးစူးလေး သည် အိမ်သာထဲအထိ တောင် ကြားရပါ၏ ။ bokie အမြန်လက်စသတ်ပြီးတာနဲ့လက်ကိုဆေး ကာ ရဲသားကြီးနဲ့ အိမ်သာက အတူတူ ထွက်လိုက်သည် ။
ခုနက နေရာဆီရောက်တော့ ဖြင့် Sam လေးကိုမတွေ့ရ ပေ ။ Bokie မျက်လုံးလေး ဝိုင်းသွားကာ နှလုံးသားလေးက ယောက်ယှပ်ခတ်သွားပြီး တစ်ဖက်သို့အလှည့်

"Bokie!"

Bokie ရင်ခွင်ထဲသို့ ဝင်ရောက်လာတယ့် ကောင်လေးက ဘောလုံးလေး ပစ်ပေါက်ခံရသလို မိမိရင်ဖက်ပေါက်ထွက်သွားမတက် ခုန်ဝင်လာသည် ။ ခါးတွေကို ရှိသမျှ အားနဲ့တင်းကျပ်စွာပွေ့ဖက်ထားတယ့် လက်သေးသေးလေးတွေက ဖေ့ဖေ့ခါးပတ်ကြိုး ထက်တောင်မြဲမြန်လွန်ပါ၏ ။ bokie လက်နှစ်ဖက်ကို ဘယ်နေရာထားရမှန်းမသိလို့လေပေါ်မြှောက်ထားမိပေမဲ့ မိမိကိုမော့ကြည့်လာတယ့် Sam မျက်လုံးတွေက မျက်ရည်တွေအပြည့်ပဲ မို့ bokie သူ့မျက်ရည်လေးတွေကို သုတ်ပေးလိုက်ပြီး သိမ်းကျုံးပွေ့ဖက် ထားလိုက်သည် ။

" ဘာယို့ ပျောက် ဟင့် !"

ရင်ခွင်ထဲ ကြောက်ရွံ့စွာ ပြောလာတယ့် ကောင်လေးရဲ့စကားဟာ စကားတောင်မဆုံးသေးပါပဲ ပြတ်ထွက်သွားပြီး မျက်ရည်တွေအဖြစ်သာပြောင်းလဲသွား၏ ။ အနွေး‌ထည်တွေအထပ်ထပ် ခြားနားထားပေမဲ့လို့ Sam ကို ကာကွယ်ပေးချင်းစိတ်အပြည့်ရှိတယ့် Bokie တစ်ယောက် Sam ပေါက်စကိုသိမ်းကျုံးကာ အသက်ရှုရပ်မတတ် ပွေ့ဖက် ထားမိရင်း

Xanny Where stories live. Discover now