Part -33

311 39 3
                                    

UNI

"Sam ?"

ကျောင်းကအပြန် စိတ်မပါလက်မပါ တက္ကသိုလ်ရှေ့ ငုတ်တုတ်ထိုင်နေတုန်း အနောက်က အုပ်စုတစ်စုရဲ့ ခေါ်သံကြောင့် လှည့်ကြည့်လိုက်သည် ။
တွေ့လိုက်ရတာက သေတာတောင်ပေါ်မလာခဲ့တယ့် ခွေးအုပ်စု တွေ ။
Sam လည်း မသိသလိုသာ နေရင်း ထထွက်ဖို့အလုပ် ပခုံးကိုလှမ်းကိုင်တယ့် တစ်ယောက်ကြောင့် ထိုကောင်တွေ အား ဘာလဲ ဆိုတယ့် သဘော ကြည့်ပေးလိုက်သည်။

" မင်း Sam မှတ်လား ?"

" မှတ်မိသေးလို့ တော်သေးတာပေါ့ "

" အဟက် ! မှတ်မိရမှာပေါ့ ငါတို့ကသူငယ်ချင်းတွေပဲဟာ "

"ဘာ ? သူငယ်ချင်း ?"

" အေးလေ ငါတို့က ခင်လာတာကြာပြီပဲဟာ "

မျက်နှာပြောင်တိုက်သလိုခံစားလာရတော့ ဟက်ခနဲရယ်လိုက်ရင်း

" အဲ့လောက်ထိ ငါတို့ မကြာသေးဘူးထင်တာပဲ ၊ မင်းတို့ငါဆေးရုံရောက်ခဲ့တာသိသလား ?"

""....""

တစ်ဖွဲ့လုံးအသံတိတ်နေကာ မှ ထိုအထဲက မိန်းကလေးသူငယ်ချင်းတစ်ယောက် က ထွက်လာပြီး အခြေအနေတွေကိုဖြောင်းဖြသလို

" ကဲပါ အချင်းချင်းတွေပဲဟာ ငါတို့လည်းအဲ့တုန်းကစာမေးပွဲတွေနဲ့ နင့်သတင်းကိုမကြားမိလိုက်တာ နင်က ဘာတွေ seriously ဖြစ်နေတာ လည်း Sam ကလည်း ၊ ထားလိုက်ပါအကုန်လုံး သင်ပုန်းချေပြီး အစကနေ ပြန်စလို့ရတာပဲဟာ ၊ နော် Sam ကိုလည်း ငါတို့ဒီအတော်အတွင်းပစ်ပယ်မိခဲ့တယ့်အတွက် တောင်းပန်တယ်လေ ... တောင်းပန်တယ့်အနေနဲ့ ဒီည ထွက်ကြရအောင် လား"

" အပိုတွေပြောမနေပဲ နင်တို့တွေ နင်တို့လမ်းသာ နင်တို့သွားစမ်းပါ "

Sam စိတ်မရှည်စွာ ပြောလိုက်တော့ တစ်ယောက်တစ်မျိုး ဒေါသထွက်သွားကြကာ အရှိက်ထိ သွားသလိုဖြင့် ထိုအထဲက တစ်ယောက်က ထွက်လာရင်း မိမိ လည်တိုင်အင်္ကျီစကို ဆွဲသည် ။

" မင်းက ဘာမို့လို့ အဲ့လောက်ထိ မာန်တတ်နေတာလည်း ? ယောင်္ကျားချင်း ယူထားပြီး ငါတို့ အချင်းချင်းကို နှစ်နစ်ကျော်ကြာ ဖုံးကွယ်ခဲ့တယ့်ကောင်ကများ "

Xanny Tempat cerita menjadi hidup. Temukan sekarang