Part -13

478 53 3
                                    

𝗨𝗡𝗜

" အဲ့တော့ ပြောချင်တာက ကျွန်မသားက သူငယ်ပြန်သွားတယ် လို့ ဆရာကြီးကပြောချင်တာလား ?"

" အဲ့လိုမဟုတ်ပါဘူး ၊ Yongbok မှတ်ဉာဏ်တွေက ဆယ်နှစ်သား ကလေးတစ်ယောက်လိုဖြစ်သွားတယ် လို့ပြောချင်တာပါ "

‌" အဲ့ဒါက ကျွန်မပြောတယ့် ရောဂါဖြစ်စဉ်နဲ့အတူတူပဲ မဟုတ်ဘူးလား ၊ အသံကြည့်ရတာတော့ ဆရာဝန်ကြီးက စကားလှအောင်ပြောနေသလိုပဲ "

"ဒီအခြေအနေမှာ အစ်မ လက်မခံနိုင်ဘူးဆိုတာ နားလည်ပါတယ် "

"လက်မခံနိုင်တာမဟုတ်ဘူး ၊ သားရဲ့အခြေအနေအားလုံးကို ခေါင်းအစ ခြေအဆုံးသိချင်တာ ၊ ကျွန်မလိုချင်တာဒါပဲ "

"ဒါကြောင့် ကျွန်တော် ပြောတာကို လည်း ဆုံးအောင်နားထောင်လေ "

"တောက်စ် !"

Yongbok အမေရဲ့တောက်ခေါက်သံ ပျံ့နှံ့သွားပြီးတယ့်နောက် မှာ ဆရာဝန် သည် Yongbok အမေရဲ့ အခြေအနေတည်ငြိမ်သွားတယ့်အထိ စောင့်လိုက်သည် ။ အခက်အခဲဆုံးအချိန်က လူနာ ရဲ့ တာဝန်ရှိသူ တွေကို လူနာအကြောင်းပြော‌ပြတယ့် အချိန် ပါပဲ ။

" အစ်မ ရဲ့ သား သွေးစစ်ဆေးချက်အဖြေကို ကြည့်ပြီးသွားပြီထင်ပါတယ် ၊ ဆေး နာမည် က Xanax လိုခေါ်ပါတယ် အစ်မ ... Drugsတစ်မျိုး ဆိုပေမဲ့ စိတ်ဖိစီးမှုလျော့ ချတယ့်နေရာမှာတော့ ဆေးအနေနဲ့ သောက်လို့ရပါတယ် ၊ limite နဲ့ သောက်ရတယ့် ဆေး ဖြစ်တယ် အစ်မ ... Benzol ဖြစ်တယ့်အလျောက် ..."

"ခဏလေး ခဏလေး "

Yongbok အမေသည် လက်ကာ ကာ ဆရာဝန်စကား အား ရပ်တန့်ပေးဖို့တောင်းဆိုလိုက်ပြီးတာနဲ့

" ဆရာ ပြောချင်တယ့် Point ကိုသာ ‌ထိထိမိမိပြောပေးပါလား "

ငိုသံကို တင်းကျပ်စွာအံကြိတ်ခံထားတယ့်အသံ နဲ့ ဆရာဝန်အား အဓိက ပြောချင်တာကိုပြောပစ်လိုက်ဖို့ မေးလိုက်သည် ။ ထိုအခါ ဆရာဝန် ကြီးက ခေါင်းညိတ်ပြီး

" အစ်မ သား ရဲ့မှတ်ဉာဏ် တွေက ၁၀နှစ်သားအထိ နောက်ဆုတ်ကုန်တာ Xanax ဆိုတယ့်ဆေးကြောင့်လို့ ကျွန်တော်ထင်ပါတယ် "

"ကုသနိုင်တယ်မလား "

"မူးယစ်ဆေးဆွဲတာကိုကုသနိုင်တယ့် ဆေးရုံးတွေ တော့ရှိ‌ပါတယ် "

Xanny Where stories live. Discover now